Sunday, November 1, 2015

ဆီရီးယားသို့ မြေပြင်တပ်စေလွှတ်ရန် အမေရိကန်ကြေညာ





ဝါရှင်တန် အောက်တိုဘာ ၃၁

အိုင်အက်စ်ချေမှုန်းရေးစစ်ပွဲအတွက် ဆီးရီးယားသို့ စစ်သွေးကြွများအား ချေမှုန်းရာတွင် အကြံပေးအဖြစ်ဆောင်ရွက်ရန် ပထမဆုံးသော မြေပြင်တပ်ဖွဲ့များစေလွှတ်ရေးစီစဉ်နေပြီဖြစ်ကြောင်း အမေရိကန်အစိုးရက အောက်တိုဘာ ၃ဝ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။

ဆီးရီးယားစစ်ပွဲစတင်ပြီး ၂ဝ၁၁ ခုနှစ်ကတည်းက ဘတ်ရှာအယ်လ် အာဆတ်၏ မဟာမိတ် အီရန်က ပထမဆုံး တက်ရောက်ခဲ့သော ဗီယင်နာ၌ ကျင်းပခဲ့သည့် အစည်း အဝေးတွင် ဆီးရီးယား ပြည်တွင်း စစ်အပစ်အခတ်ရပ်စဲရေး အီးယူနှင့် ကုလသမဂ္ဂနိုင်ငံပေါင်း ၁၇ နိုင်ငံက ဆော်သြလိုက်ပြီးနောက် မကြာမီပင် ဝါရှင်တန်က မြေပြင်စစ်ဆင်နွှဲရန် ကြေညာလိုက်ခြင်းဖြစ်သည်။
လာမည့်သီတင်းပတ်များအတွင်း ဆီးရီးယားမြောက်ပိုင်းသို့ တပ်ဖွဲ့ဝင် ၅ဝ ကျော် တပ်ဖြန့်သွားမည်ဖြစ် ကြောင်း၊ ယင်းတပ်ဖွဲ့သည် ရှေ့တန်း စစ်မြေပြင် တိုက်ခိုက်ရေးအတွက် မဟုတ်ကြောင်း အမေရိကန်က ပြော သည်။

ဗီယင်နာအစည်းအဝေးသို့ တက် ရောက်လာသော အမေရိကန်နှင့် ရုရှားတို့အပါအဝင် နိုင်ငံအားလုံးက ဆီးရီးယားပြည်တွင်းစစ်ကို သံတမန် နည်းလမ်းဖြင့် အဆုံးသတ်ရန် သဘောတူကြသည်။ (ရိုက်တာ)

No comments:

Post a Comment