Sunday, November 1, 2015

ရီးယဲလ်ကိုပြန်ရောက်ဦးမှာလား မော်ရင်ဟို




ချယ်လ်ဆီးရဲ့ ရာသီအစရလဒ်ဆိုးတွေကြောင့် အနာဂတ်မရေမရာ အနေအထားတွေနဲ့ ကြုံတွေ့နေရတဲ့ နည်းပြ မော်ရင်ဟိုကို ရီးယဲလ်က ခေါ်ယူဖို့ စိတ်ဝင် စားနေပြီး တကယ်လို့မော်ရင်ဟို ချယ်လ်ဆီးနဲ့ လမ်းခွဲ ဖြစ်ခဲ့ရင် ရီးယဲလ်က ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ရီးယဲလ်က နည်းပြအန်စလော့တီထွက်ခွာသွားပြီး နောက်မှာ မော်ရင်ဟိုကို ခေါ်ယူဖို့ ပထမဦးစားပေးအဖြစ် ကမ်းလှမ်းခဲ့ပေမယ့် အဲဒီတုန်းက မော်ရင်ဟိုဟာ ချယ်လ်ဆီး နဲ့ စာချုပ်သက်တမ်းရှိနေသေးတဲ့အတွက် ရီးယဲလ်ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ရီးယဲလ်က ဂျာဂင်ကလော့နဲ့ ဂျိုအာချင်လိုတို့ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် သူတို့ နှစ်ဦးလုံးကဖိအားများတဲ့ ရီးယဲလ်နည်းပြဘဝကိုမလုပ် လိုကြတဲ့အတွက် နောက်ဆုံးမှာ မက်ဒရစ်ဇာတိဖြစ်တဲ့ ဘင်နီတက်ဇ်ကိုသာ ခန့်အပ်ခံရတာဖြစ်တယ်လို့ ယခင် ရီးယဲလ်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့ကယ်လ်ဒါရွန်က ဆိုပါတယ်။ဘင်နီတက်ဇ်လက်ထက်မှာ ရီးယဲလ်က လာလီဂါမှာ ၁ဝပွဲ ကစားပြီး ခုနစ်ပွဲနိုင်၊ သုံးပွဲသရေနဲ့ အမှတ်ပေးဇယားအဆင့်(၁)နေရာမှာရပ်တည်နေပေ မယ့် ဘင်နီတက်ဇ်ရဲ့ ခံစစ်ဦးစားပေးနည်းဗျူဟာအပေါ် ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က နှစ်သက်ခြင်းမရှိဘဲ တကယ် လို့ မော်ရင်ဟိုနဲ့ ချယ်လ်ဆီးတို့ လမ်းခွဲဖြစ်ခဲ့ရင် အသင့် ခေါ်ယူဖို့ ခြေလှမ်းပြင်နေပြီဖြစ်ပါတယ်။
မော်ရင်ဟိုက ၂ဝ၁၃မှာ ရီးယဲလ်နည်းပြအဖြစ်က နုတ်ထွက်ခဲ့ပြီးနောက် ချယ်လ်ဆီးကို ပြန်လည်ကိုင်တွယ်ခဲ့ ရာမှာ သူဟာ ချယ်လ်ဆီးအတွက် ထာဝရအသင့်လျော် ဆုံးနည်းပြအဖြစ်ကိုယ့်ကိုယ်ကိုယ်အမြဲဂုဏ်ယူစွာ ဆိုခဲ့သူ ပါ။ ဒါပေမယ့်လည်း ဒီနှစ် ရာသီအစရလဒ်တွေဆိုးရွားနေ ပြီး အရှုံးသံသရာထဲက ရုန်းမထွက်နိုင်သေးတာကြောင့် ချယ်လ်ဆီးနဲ့ လမ်းခွဲရတော့မယ့်အနေအထားပါ။
မော်ရင်ဟိုက သူဟာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ စိုးရိမ်ပူပန်ခြင်းမရှိပေမယ့် ရလဒ်တွေ အတွက်တော့ စိုးရိမ်စိတ်ဖြစ်မိပါတယ်လို့ ပြောကြားထား ခဲ့တော့ သူက ချယ်လ်ဆီးနဲ့ လမ်းခွဲဖြစ်ရင်လည်း အခြား အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ ယတိပြတ်ဆုံးဖြတ်ထား တဲ့ပုံပါပဲ။ မော်ရင်ဟိုက ချယ်လ်ဆီးကနေထွက်ခွာဖြစ်ရင် တပည့်ဖြစ်သူ အေဒင်ဟာဇက်ကိုလည်း တစ်ပါတည်း ခေါ်ယူလိုတဲ့အတွက် သူတို့ဆရာတပည့်နှစ်ဦးကို တစ်ပြိုင်နက်တည်းခေါ်ယူချင်နေတဲ့ ရီးယဲလ်(သို့မဟုတ်) ပီအက်စ်ဂျီကိုသာ ပြောင်းရွှေ့ဖို့ အလားအလာများနေပါ တယ်။

ဒါပေမယ့် တစ်ဖက်မှာ ဘင်နီတက်ဇ်နဲ့ ရီးယဲလ်က လည်းစာချုပ်သက်တမ်း ကျန်ရှိနေသေးသလို ရလဒ်တွေ လည်း ကောင်းမွန်နေဆဲဖြစ်တာကြောင့် ရီးယဲလ်အနေနဲ့ မော်ရင်ဟိုကိုခေါ်ယူချင်လည်း ရာသီတစ်ဝက်တစ်ပျက်နဲ့ ခေါ်ယူဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။မော်ရင်ဟိုက တော့ အသင်းတစ်သင်းကနေ အရှုံးနဲ့ မထွက်ခွာလိုတာ ကြောင့် ချယ်လ်ဆီးကို ဆက်လက်ကိုင်တွယ်ဖို့သာ စိတ် ဆန္ဒပြင်းပြနေပါတယ်။ ဒါပေမယ့် ရလဒ်တွေဒီလောက် ဆိုးရွားနေတဲ့ နည်းပြတစ်ဦးကို ငွေကြေးတွေပုံအော မြှုပ်နှံထားတဲ့ အသင်းပိုင်ရှင်တစ်ဦးက အသင်းကို ဆက်ပြီး ကိုင်တွယ်ခိုင်းဖို့ဆိုတာဖြစ်နိုင်ခြေနည်းသွားပါ ပြီ။ လီဗာပူးနဲ့ပွဲမှာ ရလဒ်ကောင်းတစ်ခုကို မဖော် ဆောင်နိုင်ခဲ့ရင် မော်ရင်ဟိုကို ထုတ်ပယ်မယ်လို့သတင်း တွေထွက်ပေါ်နေပါတယ်။
ဒါပေမယ့် လီဗာပူးကို နိုင်ခဲ့ရင်တောင် နိုင်ပွဲတစ်ပွဲ ရရုံနဲ့ တစ်ရာသီလုံး ယုံယုံကြည်ကြည်နဲ့ ဆက်ပြီး ကိုင် တွယ်ခိုင်းဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် မော်ရင်ဟိုရဲ့ လားရာဟာ ရီးယဲလ် ဖြစ်ဖို့သာ အလားအလာများနေပြီ ဖြစ်ပါတယ်။
ရွိုင်ယန်ဟေဒင်

No comments:

Post a Comment