Sunday, November 29, 2015

နိုင်ငံတကာအလွတ်တန်းဖိတ်ခေါ် စစ်တုရင်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ဝင်းဇော်ထွန်း ဗိုလ်စွဲ




ရန်ကုန် နိုဝင်ဘာ ၂၈


ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သောMyanmar International Open Chess Tournament ၂ဝ၁၅ ပြိုင်ပွဲတွင် နိုင်ငံတကာမှ Grand Master များကို ကျော်ဖြတ်ကာ မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းက ပထမဆုရရှိခဲ့ကြောင်း သိရသည်။


''ကျွန်တော်က အရင်ကလည်းGM တွေနဲ့ ထိုးခဲ့တဲ့ အတွေ့အကြုံရှိ တယ်။ သူတို့နဲ့ ထိုးရင် အမှားမခံဘဲ သေချာစေ့စေ့စပ်စပ် ထိုးနိုင်ခဲ့လို့ ပထမဆု ရခဲ့တာပါ။GM တွေကို ကျော်ဖြတ်ပြီး အခုလို ဆုရခဲ့တဲ့အတွက်လည်း ဝမ်းသာပါတယ်''ဟု ချန်ပီယံဖြစ်ခဲ့သူ ဝင်းဇော်ထွန်းက ပြောသည်။


အဆိုပါ ပြိုင်ပွဲတွင် ရမှတ် ၇ ဒသမ ၅ ဖြင့် ပထမဆုရခဲ့သည့် International Master ဝင်းဇော်ထွန်းကို အမေရိကန် ဒေါ်လာ ၃ဝဝဝ၊ ရမှတ် ၇ မှတ်ဖြင့် ဗီယက်နမ် နိုင်ငံသား ဂရင်းမာစတာ Mr. Nguyen Duc Hoa နှင့် အိန္ဒိယနိုင်ငံသားInternational Master Mr. Sunilduth Lyna Narayanan တို့ကို အမေရိကန်ဒေါ်လာ ၁၂ဝဝ စသည်ဖြင့်စုစုပေါင်း ဆု ၁၃ ဆု ချီးမြှင့်ခဲ့သည်။


ယင်းအပြင် အသက် (၁၈) နှစ်အောက် အကောင်းဆုံးဆုကို မောင်မောင်ကျော်ဇောဟိန်းနှင့် မျိုးသီဟလွင်၊ အသက် (၁ဝ) နှစ် အောက် အကောင်းဆုံးဆုကို ဖိလစ်ပိုင်မှ ကမ္ဘာ့ စစ်တုရင်အဖွဲ့ချုပ် မာစတာFM Nouri Alekhine၊ အတိုးတက် ဆုံး လူငယ်အမျိုးသားဆုကို မင်းသော်ကိုနှင့် ကောင်းမွန်သာ၊ အတိုး တက်ဆုံး လူငယ်အမျိုး သမီးဆုကို မဝင်းလဲ့လဲ့ဝါ က ရရှိခဲ့သည်။


ယင်းပြိုင်ပွဲတွင်International Master ငါးဦး အပါ အဝင် နိုင်ငံပေါင်း ကိုး နိုင်ငံမှ ကစားသမား စုစုပေါင်း ၆၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြောင်းသိရသည်။



[သီဟသူ]

No comments:

Post a Comment