Sunday, November 29, 2015

ရုပ်ရှင်ဝေဖန်သူများရွေးချယ်ခဲ့သည့် ယခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင် ''The Assassin''





ရုပ်ရှင်ဝေဖန်ရေးသမား ၁၆၈ဦးရဲ့ မဲပေးမှုအရ နိုဝင်ဘာလလယ်က ရုံတင်ပြသခဲ့သည့် ထိုင်ဝမ်ရုပ်ရှင် ''The Assassin ''ဟာ ၂ဝ၁၅ခုနှစ် အတွင်း ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ အကောင်းဆုံးရုပ်ရှင်ဖြစ်တယ်လို့ ဘီဘီစီသတင်းဌာနက ထုတ်ပြန်ခဲ့ပါ တယ်။


ကိုးရာစုက အဖြစ်အပျက်တွေ အပေါ်မှာ အခြေခံကာ ဇာတ်လမ်း ဆင်ရိုက်ကူးထားတဲ့ အဆိုပါ ထိုင်ဝမ် သိုင်းရုပ်ရှင်ဟာ ပြီးခဲ့တဲ့ မေလက ကျင်းပခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်ရဲ့ ဆုပေးပွဲ အခမ်းအနားမှာလည်း အကောင်းဆုံး ဒါရိုက်တာဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။


'' The Assassin ''မှာ မင်းသမီး ဟာ အသက်(၁ဝ)နှစ်အရွယ်မှာ မယ်သီလရှင်တစ်ဦးရဲ့ ဖမ်းဆီးခေါ် ဆောင်သွားခြင်းခံခဲ့ရပြီး သိုင်းပညာ ရှင်တစ်ဦးအဖြစ် လေ့ကျင့်သင်ကြား ပေးခြင်းခံခဲ့ရကာ အရွယ်ရောက်တဲ့ အခါမှာ သီလရှင်ရဲ့ အသုံးချခံတစ်ဦး ဖြစ်ခဲ့ရပုံကို ဇာတ်လမ်းဆင်ရိုက်ကူး ထားတာပါ။ ယင်းရုပ်ရှင်မှာ ထိုင်ဝမ် မင်းသမီးချော ရှုကြည်က အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးထား ပြီး တရုတ်ရာဇဝင်ဇာတ်ကားများစွာ ထဲက ဇာတ်ကားကောင်းတစ်ကား လည်း ဖြစ်ပါတယ်။


ယင်းရုပ်ရှင်ကို မြန်မာနိုင်ငံ၌လည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်မှ စတင် ကာ ရန်ကန်မြို့ နေပြည်တော် ရုပ်ရှင် ရုံ၊ မင်္ဂလာ၊ စံပြ ရုပ်ရှင်ရုံနဲ့ မန္တလေး မြို့ မင်္ဂလာဒိုင်းမွန်းရုပ်ရှင်ရုံစတဲ့ ရုပ်ရှင်ရုံတွေမှာ တစ်ပတ်ကြာ ရုံတင် ပြသခဲ့ရာ ပရိသတ်အားပေးမှု ကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်ခဲ့ပါ တယ်။


ယခုနှစ်ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေရဲ့ ထူးခြားသည့်အချက်မှာ အကောင်း ဆုံးရုပ်ရှင် (၁ဝ)ကားအနက် ခုနစ် ကားမှာ အမျိုးသမီးလူစွမ်းကောင်းများ ကို အဓိကဇာတ်ဆောင်အဖြစ် ရိုက် ကူးထားသည့် ရုပ်ရှင်များဖြစ်ကြောင်း ဗြိတိန်ရုပ်ရှင်တက္ကသိုလ်ရဲ့ လေ့လာ ချက်တစ်ရပ်အရ သိရပါတယ်။


အေးပြည့်

No comments:

Post a Comment