Sunday, November 29, 2015

အား/ကာသိပ္ပံ(ရန်ကုန်)ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ



ရန်ကုန် နိုဝင်ဘာ ၂၈


အား/ကာ သိပ္ပံပေါင်းစုံအားကစားပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေ ဖြင့် ရည်ရွယ်ကျင်းပသည့် အား/ကာ သိပ္ပံ(ရန်ကုန်) ချစ်ကြည်ရေး ပြေးခုန် ပစ်ပြိုင်ပွဲ နောက်ဆုံးနေ့ ပွဲစဉ်များနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။


နံနက်ပိုင်းတွင် ဗိုလ်လုပွဲ ပွဲစဉ်များ ကျင်းပပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အား/ကာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ပြေးခုန်ပစ် အားကစားနည်းစနစ်အကြံပေး ဦးကျော်ဇင်နှင့် တာဝန်ရှိသူ များက ပေးအပ်ချီးမြှင့်သည်။ အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နှစ်ရက်ကြာကျင်းပပြီး အမျိုးသား အမျိုးသမီးပြိုင်ပွဲ အမျိုးအစား ၄ဝ ထည့်သွင်းကျင်းပခဲ့သည်။ အား/ကာ သိပ္ပံ(ရန်ကုန်) အပါအဝင် အား/ကာသိပ္ပံ(တောင်ကြီး)၊ တပ်မတော်(လေ)၊ တပ်မတော်(ရေ)တို့မှ အားကစားသမား ၁၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အား/ကာသိပ္ပံ (ရန်ကုန်)အနေဖြင့် ကစားသမားများ ပြိုင်ပွဲအတွေ့အကြုံရရှိစေရန် ယင်းပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။


[ဖိုးသော်ဇင်]

No comments:

Post a Comment