Saturday, November 28, 2015

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အဖြစ် အယောင်ဆောင်၍ ခရီးသည်တင်ယာဉ်များမှငွေတောင်းခံသူအား ဖမ်းဆီးအရေးယူ




နေပြည်တော် နိုဝင်ဘာ ၂၇


ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ် (၂)ရပ်ကွက် ပြည်လမ်း ကြက်ဆင်မုန့်တိုက်အနီးတွင် နိုဝင်ဘာ ၂၄ ရက် ည ၁၁ နာရီခွဲခန့်က ခရီး သည်တင်ယာဉ်လိုင်း ယာဉ်နောက် လိုက်များထံမှ ယာဉ်ထိန်းရဲယူနီဖောင်း ဝတ် အမျိုးသားတစ်ဦးက ငွေတောင်း ခံနေကြောင်း သတင်းအရ ကမာရွတ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးရာ ဧရာဝတီတိုင်း ဒေသကြီး ရေကြည်မြို့နယ် တောင်ဆန်း ကျေးရွာနေ ပိုင်မျိုးသူ(ခ)ကိုပိုင်(၃၂)နှစ်အား ယာဉ်ထိန်းရဲတပ်ဖွဲ့ လက် မောင်း တံဆိပ်ပါ အပေါ်အင်္ကျီအဖြူ၊ နက်ပြာရောင် ဘောင်းဘီရှည်ဝတ်ဆင် လျက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အဖြစ် အယောင်ဆောင်ကာ ခရီးသည်တင် ယာဉ်များမှ ငွေတောင်းခံနေသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ပြီး ၄င်းအား ကမာရွတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

(ကြေးမုံ)

No comments:

Post a Comment