Saturday, November 28, 2015

လီဗာပူးတိုက်စစ်မှူး စတားရစ် ထပ်မံဒဏ်ရာရရှိ




လီဗာပူးတိုက်စစ်မှူး စတားရစ်သည် ဒဏ်ရာပြဿနာကြောင့် အနားယူနေရာမှ ဘော်ဒိုးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်တွင် အသင်းနှင့်အတူ ပြန်လည်ပါဝင်လာခဲ့သော်လည်း ယင်းပွဲစဉ်တွင် ထပ်မံဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


အသက်(၂၆)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး စတားရစ်သည် အောက်တိုဘာ ၄ ရက်ကတည်းက ဒူးဒဏ်ရာပြဿနာကြောင့် အသင်းနှင့်အတူ ပါဝင် လာနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ သို့ရာတွင် ဘော်ဒိုးအသင်း နှင့် ကစားခဲ့သည့် ပွဲစဉ်တွင် လီဗာပူးအသင်းအတွက် အကောင်းဆုံးပုံစံဖြင့် ကစားပေးခဲ့သော်လည်း ခြေထောက် တွင် ထပ်မံဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။


လီဗာပူးအသင်းသည် ဘော်ဒိုးအသင်းအား အနိုင်ရရှိ ခဲ့ပြီး နောက် ယူရိုပါလိဂ် ၃၂ သင်းအဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။ တိုက်စစ်မှူး စတားရစ်သည် ယခုနှစ်ဘောလုံးရာသီတွင် လီဗာပူးအသင်းအတွက် သုံးပွဲသာ ပွဲထွက် ကစားနိုင်ခဲ့ပြီး သွင်းဂိုးနှစ်ဂိုးသာ သွင်းယူပေးနိုင်ခဲ့သည်။


ငွေကြယ်

No comments:

Post a Comment