Monday, November 30, 2015

ဆစ်ဒနီမှာ ဖျော်ဖြေခဲ့တဲ့တေလာဆွစ်

အမေရိကန်ပေါ့ပ် အဆိုတော်တေလာဆွစ် ဟာ နိုဝင်ဘာ ၂၉ ရက် ညပိုင်း (သြစတြေးလျ ဒေသစံတော်ချိန်)က စစ်ဒနီမြို့ရှိ ANZ ဘောလုံးကွင်းမှာ သူ့ရဲ့''1989''တေး စီးရီးအတွက် နယ်လှည့်ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ရာ ပရိသတ် ခုနစ်သောင်း ခြောက်ထောင်ခန့် လာရောက် အားပေးခဲ့ကြောင်း နယူးဒေါ့ကွန်း က ဖော်ပြခဲ့ပါတယ်။



အဆိုပါ ဖျော်ဖြေပွဲမှာ ပရိသတ်ရှစ်သောင်းနီးပါးလာရောက် ကြည့်ရှုခဲ့ခြင်းအပေါ် တေလာဆွစ် ကိုယ်တိုင်ကပင် အံ့သြဝမ်းသာဖြစ် ခဲ့ရပြီး ဖျော်ဖြေပွဲပြုလုပ်နေစဉ် အတွင်း တေလာက သြစ တြေးလျပရိသတ်များ တစ်ခဲနက် လာရောက်အားပေးခဲ့သော ယခု ဖျော်ဖြေပွဲသည် သူ၏ဂီတသက်တမ်း တစ်လျှောက်တွေ့ကြုံခဲ့ရသော ဖျော်ဖြေပွဲများ အနက် ပရိသတ်အများဆုံးသော ဖျော်ဖြေပွဲ များတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း မှတ်မှတ်ရရပြောကြားခဲ့ပါတယ်။


အဆိုပါဖျော်ဖြေပွဲမှာ တေလာဆွစ်က သူ့ရဲ့နာမည်ကျော်တေးသီချင်းတွေဖြစ်တဲ့ ''Welcome To New York''၊ ''New Romantics ''၊ ''Blank Space''နဲ့ '' I Wish You Well''စတဲ့ တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေ ခဲ့ပါတယ်။


တေလာဟာ အဆိုပိုင်နိုင်တဲ့တေးသံရှင် တစ်ဦးဖြစ်ရုံသာမက သီဆိုဖျော်ဖြေနေစဉ် အတွင်းမှာ သူ့ရဲ့မျက်နှာ၊ ခြေ၊ လက်စတဲ့ ကိုယ် အမူအရာတွေဟာလည်း တမင်ဖန်တီးယူစရာမလိုဘဲ တေးသီချင်းနဲ့ လိုက်ဖက်စွာ သက်ဝင်လှုပ်ရှားနေလေ့ရှိတဲ့ အတွက် ပါရမီရှင် အဆိုတော် တစ်ဦးလို့တောင် ပြောလို့ရပါ တယ်။


တေလာဟာ သူ့ရဲ့တေး ဂီတ လမ်းကြောင်းအစမှာ ကျေးလက် သီချင်းတွေကိုသီဆိုလေ့ရှိတဲ့ ကန်းထရီး တေးသံရှင်တစ်ဦးအဖြစ် စတင် ကျော်ကြားခဲ့ပေမယ့် ယခုနယ် လှည့်ဖျော်ဖြေပွဲ ပြုလုပ်နေတဲ့ ''1989''တေးစီးရီးထွက်ရှိပြီး နောက်ပိုင်းမှာ ပေါ့ပ်တေးဂီတ ဘက်ကို ခြေလှမ်းပြောင်းခဲ့ကာ လတ်တလောမှာ အောင်မြင်တဲ့ ပေါ့ပ်တေးသံရှင်တစ်ဦးအဖြစ် ရပ် တည်နေပါတယ်။


တေလာဆွစ်ဟာ ယခုပြုလုပ် ခဲ့တဲ့ စစ်ဒနီဖျော်ဖြေပွဲအပြီးမှာ သြစ တြေးလျနိုင်ငံအတွင်းမှာပဲ အခြားသောတေးဂီတဖျော်ဖြေပွဲများကို ဒီဇင်ဘာ ၅ ရက်မှာ ဘရစ်ဘိန်းရှိ စန်းခရော့ပ်ဘောလုံးကွင်း ၌ လည်းကောင်း၊ ဒီဇင်ဘာ၈ရက်မှာ အဒဲလိတ်ဒ်ဖျော်ဖြေရေးစင်တာ၌လည်း ကောင်း၊ ဒီဇင်ဘာ ၁ဝ၊ ၁၁နဲ့ ၁၂ရက်တွေမှာ မယ်လ်ဘုန်းရှိAAMI ပန်းခြံတို့၌ လည်းကောင်း အသီးသီးပြုလုပ်သွားမှာဖြစ်ပါတယ်။
အေးပြည့် - ရေးသားသည်။

No comments:

Post a Comment