Monday, November 30, 2015

နာမည်ကျော်ဖို့က အရေးမကြီးပါဘူးလို့ဆိုတဲ့ 9MUSES




တောင်ကိုရီးယားအမျိုးသမီးပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''9MUSES ''ဟာ မကြာသေးမီ က ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ သူတို့အတွက် နာမည်ကျော်ဖို့ အရေးမကြီးကြောင်းနဲ့ ဂီတ ပညာရှင်တွေအတွက် အောင်မြင်မှုထက်အရေး ကြီးတဲ့အရာများရှိကြောင်း ပြောကြားခဲ့သည်ကို စွန်ပီဒေါ့ကွန်းက ဖော်ပြခဲ့သည်။


အဆိုပါ အမျိုးသမီးတေးဂီတအဖွဲ့က သူတို့ အတွက် အောင်မြင်ကျော်ကြားသည့် တေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်နေခြင်းထက် တိုးတက်သည် ထက်တိုးတက်ရန် အမြဲကြိုးစားနေသူများဖြစ် ရန်သာ အရေးကြီးကြောင်း ပြောကြားခဲ့သည်။


9MUSES ''ကျွန်မတို့အနေနဲ့ အခြား သောတေးဂီတအဖွဲ့တွေရဲ့ နောက်မှာရှိနေတယ်လို့ မယူဆပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်မတို့ရဲ့ခြေလှမ်းတွေဘယ်တော့မှနောက်ပြန်မသွားခဲ့ဘူးလေ။ အမြဲကောင်းသည်ထက် ကောင်းအောင် ကြိုးစားရှေ့ဆက်နေပါတယ်။ ဂီတပိုင်းဆိုင်ရာမှာ ရော၊ ဖျော်ဖြေတင်ဆက်မှုပိုင်းဆိုင်ရာမှာရောပါပဲ။ ကျွန်မတို့ လတ်တလောမှာ ထိပ်ဆုံးဆိုတဲ့နေရာကို မရောက်နိုင်သေးပေမယ့်လည်း ပရိသတ်အများရဲ့ အသိအမှတ်ပြုခံရတဲ့ အဆိုတော်တွေဖြစ်ခွင့်ရခဲ့ခြင်း ကိုပဲ ကျေနပ်နေမိပါတယ်။ ကျွန်မတို့အတွက် အနာဂတ်ရှိတယ်။ ကိုယ့်ကိုယ်ကိုယ်အားကိုး စိတ် လည်း အပြည့်ရှိနေပါတယ်''ဟု အဆိုပါအင်တာဗျူး တွင် ရှင်းပြခဲ့သည်။


ပြီးခဲ့သည့်နိုဝင်ဘာ ၂၄ ရက်က 9MUSES ၏ မီနီတေးအယ်လ်ဘမ်သစ် ''Lost''ကို စတင် ဖြန့်ချိခဲ့ပြီး မကြာသေးမီက သူတို့၏တေးသီချင်း သစ် ''Sleepless Night''ကိုလည်း ထုတ်လွှင့်ခဲ့ သည်။ ယင်းတေးသီချင်းသည် ယခုနှစ်အတွင်း ထုတ်လွှင့်ခဲ့သည့်9MUSES ၏ တတိယမြောက် တေးသီချင်းဖြစ်သည်။



အေးပြည့် - ရေးသားသည်။

No comments:

Post a Comment