Tuesday, November 3, 2015

ဂျပန်ဝန်ကြီးချုပ်နှင့် တောင်ကိုရီးယားသမ္မတတို့ ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံ



The Mirror Daily's photo.
ဆိုးလ် နိုဝင်ဘာ ၂

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးတို့သည် ဆိုးလ်မြို့တွင် ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။

ခေါင်းဆောင်နှစ်ဦးတို့က ဒုတိယကမ္ဘာစစ်အတွင်း တောင်ကိုရီးယား အမျိုးသမီးများကို လိင်ကျေးကျွန်များအဖြစ် ဂျပန်တို့က ဖိနှိပ်ဆက်ဆံခဲ့ခြင်း စသည့်အရေးပါသော ကိစ္စရပ်များကို နှစ်နာရီကြာ တွေ့ဆုံဆွေး နွေးခဲ့ကြသည်။

အဆိုပါကိစ္စရပ်သည် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်သည့် အတားအဆီးတစ်ရပ်ဖြစ်ကြောင်းနှင့် တောင်ကိုရီးယားပြည်သူများ အပါအဝင် ဖိနှိပ်ချုပ်ချယ်ခံထားခဲ့ရသူများအတွက် ကျေနပ်စရာကောင်းလောက်သည့် ရလဒ်ထွက်ပေါ်စေရန်လည်း မျှော်လင့်ကြောင်း သမ္မတပတ်ဂွန်ဟေးက ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံ သုံးနိုင်ငံအနေဖြင့် မြောက်ကိုရီးယား နျူကလီးယားအရေးကို ပူးပေါင်းပြီး ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ဝန်ကြီးချုပ် အာဘေးနှင့် သမ္မတပတ်ဂွန်ဟေးတို့က သဘောတူညီခဲ့ကြသည်။

နှစ်နိုင်ငံအနာဂတ် ပူးပေါင်းဆောင် ရွက်မှုများ အကောင်အထည်ဖော် ဆောင်ရွက်ရန် ၎င်းတို့အနေဖြင့် ဦးတည်သွားနေသောကြောင့် နောင်လာမည့် မျိုးဆက်သစ်များအတွက် သမိုင်းတွင်ကျန်ရစ်သည့် ကိစ္စရပ်များ နှင့်ပတ်သက်ပြီး မည်သည့်အတား အဆီး၊ အခက်အခဲကိုမှ ချန်ထားခဲ့မည် မဟုတ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးတို့သည် သမိုင်းတွင်ကျန်ရစ်သည့် ကိစ္စရပ်များကို ကြိုးစားအဖြေရှာ ဆွေးနွေးခဲ့ကြသည့်အတွက် နှစ်နိုင်ငံထိပ်သီးအစည်း အဝေးသည် အလွန်ပင် တိုးတက်မှုရှိကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဆိုသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment