Tuesday, November 3, 2015

ဗြိတိန်တွင် နှင်းများထူထပ်စွာကျရောက်မှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း




The Mirror Daily's photo.


လန်ဒန် နိုဝင်ဘာ ၂

ဗြိတိန်တွင် တနင်္လာနေ့ နံနက်ပိုင်းက ဆီးနှင်းများထူထပ်စွာကျရောက် နေမှုကြောင့် နိုင်ငံတစ်ဝန်းရှိ လေဆိပ်များတွင် လေယာဉ်ခရီးစဉ်ဒါဇင်ပေါင်းများစွာကို ဖျက်သိမ်းခဲ့ရကြောင်း ဒေသခံသတင်းမီဒီယာများက ထုတ်ပြန်ကြေညာသည်။
ဗြိတိန်မိုးလေဝသဌာနက ဆီးနှင်းများထူထပ်စွာကျရောက်နေသည့် အင်္ဂလန်နှင့် ဝေးလ်တို့တွင် အဝါရောင်အဆင့် သတိပေးချက်ထုတ်ပြန် ကြေညာထားပြီး အင်္ဂလန်အရှေ့တောင်ပိုင်းနှင့် နေရာအတော်များများတွင် ဆီးနှင်းကျရောက်မှု ကြာရှည်နေဦးမည်ဟု ခန့်မှန်းထားသည်။

ဆီးနှင်းများ ထူထပ်စွာကျဆင်းနေမှုကြောင့် နေရာအတော်များများတွင် မြင်ကွင်းများမရှင်းမလင်းဖြစ်နေပြီး မီတာ ၁ဝဝ အကွာအဝေးခန့်သာ မြင်နိုင်စွမ်းရှိကြောင်း မိုးလေဝသဌာနက ပြောကြားသည်။
ဆီးနှင်းများကျဆင်းပြီး မြင်ကွင်းမရှင်းလင်းမှုကြောင့် တနင်္လာနေ့ နံနက်ပိုင်းတွင် ဟီသရိုးလေဆိပ်မှ လေကြောင်းလိုင်း ၄၅ ခုဖျက်သိမ်းခဲ့ရသည်။ အခြားလေဆိပ်များဖြစ်သည့် ဘာမင်ဂမ်လေဆိပ်၊ မန်ချက်စတာလေဆိပ်နှင့် လီဗာပူးလ် ဂျွန်လီနွန်လေဆိပ်တို့တွင်လည်း လေကြောင်းလိုင်းများ ဖျက်သိမ်းခဲ့သည်။

ဆီးနှင်းများ ထူထပ်စွာကျဆင်းနေသည့်အတွက် ယာဉ်မောင်းများအနေဖြင့် ဂရုစိုက်မောင်းနှင်ကြရန် သတိပေးချက်ထုတ်ပြန်ထားသည်။
ဆင်ဟွာ။

No comments:

Post a Comment