Saturday, November 28, 2015

(၂၅) ကြိမ်မြောက် အာဆီယံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ




 

နေပြည်တော်  နိုဝင်ဘာ  ၂၇

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက  ခရာချွတ် ခရီခန်ပြည်နယ်   ပရမ်ဘူရီခရိုင် ဟွာအင်းမြို့ရှိInfantry Center ၌ ကျင်းပသော   (၂၅)ကြိမ်မြောက် အာဆီယံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ 25th ASEAN
Armies Rifle Meet (25th
AARM)  ပိတ်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ    ကြည်းတပ် ဦးစီးချုပ်များနှင့်အတူ တက်ရောက် ခဲ့သည်။
အဆိုပါအခမ်းနားတွင် အင်ဒို နီးရှားနိုင်ငံနှင့်   ဗီယက်နမ်နိုင်ငံ သေနတ်ပစ်အသင်းတို့   ဗိုလ်လုပွဲ ယှဉ်ပြိုင်ပစ်ခတ်မှုအား   ကြည့်ရှု အားပေးကြပြီး ဆုရအသင်းများအား ထိုင်းဘုရင့်တပ်မတော် ကြည်းတပ် ဦးစီးချုပ်မှ တစ်ဦးချင်းဆုချီးမြှင့်သည်။
ထို့နောက်  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အာဆီယံ နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ သည်Novelty Shoot အဖြစ် (မီတာ ၂ဝ) ပစ္စတိုနှင့် (မီတာ ၅ဝ) ကာဘိုင် သေနတ်ပစ်ယှဉ်ပြိုင်ကြကာ အမှတ် တရ      စုပေါင်းဓာတ်ပုံရိုက်ကူး သည်။ (အပေါ်ပုံ)
ယင်းနောက်  အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးကြပြီး 25th ASEAN
Armies Rifle Meet(25th
AARM) ပိတ်ပွဲအခမ်းအနား ဆက် လက်ကျင်းပရာ      ထိုင်းဘုရင့် တပ်မတော်ကြည်းတပ်ဦးစီးချုပ်က ပိတ်ပွဲမိန့်ခွန်းပြောကြားပြီး   ပြိုင်ပွဲ ပွဲစဉ်တစ်လျှောက်   ဆုရအသင်းများ အား ဆုချီးမြှင့်သည်။
ထို့နောက် ထိုင်းဘုရင့်တပ်တော် ကြည်းတပ်ဦးစီးချုပ်က ၂ဝ၁၆ ခုနှစ် 26th ASEAN Armies Rifle
Meet (26th AARM)  ပြိုင်ပွဲအား အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည့် ဖိလစ်ပိုင်ကြည်းတပ် ဦးစီးချုပ်ထံသို့AARM အထိမ်းအမှတ်အလံအား လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့ သည် ညနေပိုင်းတွင်Suan Son
Pardipat 2 ၌ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့်  ဇနီးတို့က တည်ခင်းဧည့်ခံသော 25th ASEAN
Armies Rifle Meet(25th AARM)  ပိတ်ပွဲ   ဂုဏ်ပြုနှုတ်ဆက် ညစာစားပွဲ အခမ်းအနားသို့  တက်ရောက်သည်။
ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်   အဖွဲ့ဝင်များသည် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာရန် နိုဝင်ဘာ ၂၆ ရက် နေ့လည်ပိုင်းတွင် ဗန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ် သို့ရောက်ရှိစဉ် ထိုင်းဘုရင့်တပ်မတော်၊ ထိုင်းဘုရင့်ကြည်းတပ်  ဌာနချုပ်ရုံး မှ    ဒုတိယစစ်ဦးစီးအရာရှိချုပ်နှင့် တာဝန်ရှိသူများ၊  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက    ပို့ဆောင်နှုတ်ဆက်ကြသည်။ (မြဝတီ)

No comments:

Post a Comment