Saturday, November 28, 2015

ချယ်လ်ဆီးလည်း တိုက်စစ်မှူး ခေါ်ဖို့ပြင်ပြီ



 

 ကော်စတာရဲ့ ကစားပုံအနေအထားအရ ချယ်လ်ဆီးနည်းပြ မော်ရင်ဟို အနေနဲ့ လာမယ့်ဇန်နဝါရီလအပြောင်းအရွှေ့ရာသီမှာ တိုက်စစ်မှူးသစ်ခေါ် ယူဖို့ ဆုံးဖြတ်ထားပြီလို့ ဆိုပါတယ်။ ကော်စတာအပေါ် စိုးရိမ်မှုတွေရှိလာပြီး ဇန်နဝါရီလအပြောင်းအရွှေ့အတွက် လာမယ့်သီတင်းပတ်တွေထဲမှာ ချယ်လ်ဆီး အနေနဲ့ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ဆုံးဖြတ်ချက်ချရတော့မယ်လို့ ဆိုပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ အထောင်တိုက်စစ်မှူးတစ်နေရာအတွက် ရာသီ အလယ်အထိ ခေါ်ယူဖို့ အစီအစဉ်မရှိခဲ့ပါဘူး။ သို့ပေမယ့် ကော်စတာရဲ့ ယခုနှစ် ရာသီကစားပုံအနေ အထားအရ ပြန်လည်စဉ်းစားရတော့မယ်လို့ ဆိုပါတယ်။
ချယ်လ်ဆီးအသင်းအနေနဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ အက်သလက် တီကိုတိုက်စစ်မှူး အန်တိုနီဂရက်စမန်းတို့ကို ကာလကြာရှည်စွာ ပစ်မှတ်ထား နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကလည်း ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ စပါးက ဟယ်ရီကိန်းကို ရောင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သို့ပေမယ့် ဇန်နဝါရီလအပြောင်းအရွှေ့ရာသီမှာ တော့ နည်းပြမော်ရင်ဟိုအနေနဲ့ တိုက်စစ်မှူးတစ်ဦးကို မဖြစ်မနေခေါ်ယူသွား မယ့် အနေအထားရှိပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment