Saturday, November 28, 2015

အမေရိကန်ဦးဆောင် မဟာမိတ်တပ်ပေါင်းစုများနှင့် ဆီးရီးယားရှိ အိုင်အက်စ်များကို ပူးပေါင်းတိုက်ခိုက်မည်ဟု ပူတင်ပြော




မော်စကို နိုဝင်ဘာ ၂၇

ရုရှားသည် ဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် အမေရိကန်ပြည်ထောင်စုအပါအဝင် ၄င်း၏ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း ထိုသို့ပူးပေါင်းလုပ်ဆောင်ခြင်း သည် အကယ်၍ တူရကီက ရုရှားလေယာဉ်ကို ထပ်မံပစ်ချမှုပြုလုပ်ပါက ဆုံးရှုံးဖွယ်ရာဖြစ်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်သည်။
ကရင်မလင်နန်းတော်၌ ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်နှင့် တွေ့ဆုံဆွေးနွေးကြပြီးနောက် ရုရှားသမ္မ္မတ ဗလာဒီမာပူတင်က တူရကီ၏လုပ်ဆောင်ချက်ကို ဒေါသထွက်မိကြောင်း၊ ဂျက်လေယာဉ်ကို ပစ်ချလိုက်ခြင်းက ၄င်း၏မိတ်ဖက်ဖြစ်သော ရုရှားနိုင်ငံကို သစ္စာဖောက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
သို့သော်လည်း ရုရှားစစ်ဘက်ဆိုင်ရာ ဆောင်ရွက်ချက်များကို ပြင်သစ်တပ်မတော်နှင့်အတူ အရှိန်မြှင့်လုပ်ဆောင်ရန် အမိန့်ချမှတ်မည်ဖြစ်ကြောင်း ရုရှားသမ္မ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment