Sunday, November 1, 2015

တိုက်စစ်မှူးနေမာမှာ ခေါင်းတိုက်ဂိုးမသွင်းတတ်သူဟု ပီလီ ပြောကြား




ဘရာဇီးလက်ရွေးစင်အသင်း၌ ဘာစီလိုနာတိုက်စစ် မှူး နေမာထက် စွမ်းဆောင်ရည်ကောင်းသည့် ကစား သမားအများအပြားရှိကြောင်းနှင့် တိုက်စစ်မှူးနေမာမှာ ခေါင်းကိုအသုံးပြုကာ မကာကွယ်နိုင်သည့်အပြင် ခေါင်း တိုက်၍လည်း ဂိုးမသွင်းတတ်ကြောင်း ဘရာဇီးဂန္ထဝင် ကစားသမားတစ်ဦးဖြစ်သည့် ပီလီက ၄င်း၏ ယုံကြည်ချက် ကို ဖွင့်ဟပြောကြားခဲ့သည်။
ဘာစီလိုနာတိုက်စစ်မှူး နေမာသည် ဘရာဇီး လက်ရွေးစင်အသင်းတွင် အားထားရသည့် ကစားသမား တစ်ဦး ဖြစ်သည့်အပြင် ကမ္ဘာ့အကောင်းဆုံးကစားသမား တစ်ဦးလည်း ဖြစ်လာနိုင်ဖွယ်ရှိသူဖြစ်သည်။ သို့ရာတွင် ဘရာဇီးအသင်းနှင့် ကမ္ဘာ့ဖလားသုံးကြိမ်အထိရယူဆွတ် ခူးထားနိုင်ခဲ့သည့် ပီလီကမူ တိုက်စစ်မှူးနေမာသည်လက်ရှိ ကစားလျက်ရှိသော ဘာစီလိုနာအသင်းတွင် ခြေစွမ်း ကောင်းပြသနိုင်သည်ကို သိရှိထားကြောင်း၊ သို့ရာတွင် ကမ္ဘာ့အဆင့်ရှိ ကစားသမားတစ်ဦးအဖြစ် ယုံကြည်ထား ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
''တိုက်စစ်မှူးနေမာဟာ ကမ္ဘာ့အကောင်းဆုံးကစား သမားအဆင့်ရှိတယ်ဆိုရင် နေမာရဲ့ဘဝတစ်လျှောက် ခေါင်းတိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးဘယ်လောက်ရှိ သလဲ''ဟု ဘရာဇီးဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့် ပီလီက Placarနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ သည်။

''နေမာဟာ တိုက်စစ်သီးသန့်ကစားသမားပါ။ သူဟာ ရှေ့မှာပဲ ကစားတတ်တယ်။ နောက်တန်းကိုဆင်းပြီး သူ မကစားတတ်ဘူး။ အဲဒီလို အားနည်းချက်တွေရှိနေတာမို့ အခြား ကစားသမားတွေနဲ့ ယှဉ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ဘရာဇီးအသင်းမှာတော့ အသင်းရဲ့ အဓိက ဇာတ်ကောင်ပါ''ဟု ဘရာဇီးဂန္ထဝင်ကစားသမားတစ်ဦးဖြစ် သည့် ပီလီက ပြောကြားခဲ့သည်။
ငွေကြယ်

No comments:

Post a Comment