Sunday, November 29, 2015

နည်းပြထက် ကစားသမားစာရင်းကိုသာ အပြောင်းအလဲလုပ်မယ့် ချယ်လ်ဆီး




ချယ်လ်ဆီးက မော်ရင်ဟိုနေရာမှာ အခြားနည်းပြ တစ်ဦးနဲ့ အစားထိုးတောမယ်ဆိုတဲ့သတင်းတွေ နေ့စဉ် တစ်နေ့တစ်မျိုး မရိုးရအောင်ဖတ်ရှုနေရပေမယ့် နည်းပြ အပြောင်းအလဲလုပ်ဖို့ထက် အသင်းရဲ့ကစားသမားတွေ ကိုသာ အပြောင်းအလဲလုပ်ဖို့ရှိတယ်လို့ မော်ရင်ဟိုက အက်စ်ပရက်စ်အွန်လိုင်းကို သတင်းပေးခဲ့ပါတယ်။ လာမယ့် ဇန်နဝါရီဈေးကွက်ဖွင့်ချိန်မှာ ဝယ်ယူသင့်တဲ့ကစားသမား သစ်တွေကို ဝယ်ယူ၊ ထုတ်ရောင်းသင့်တဲ့ကစားသမားတွေကို ထုတ်ရောင်းပြီး အသင်းကို လမ်းကြောင်းမှန်ပေါ်ပြန်လည် ရောက်အောင် ပဲ့ကိုင်ခွင့် သူ့ကိုသာဆက်ပေးဖို့ မော်ရင်ဟို က ရိုမန်အေဗရာမိုဗစ်ခ်ျကို တောင်းဆိုထားပါတယ်။


အခုဆို ချယ်လ်ဆီးက ပရီမီယာလိဂ်နဲ့ ချန်ပီယံလိဂ် မှာ နှစ်ပွဲဆက်တိုက်နိုင်အောင်ကစားလာနိုင်တဲ့အတွက် မော်ရင်ဟိုအနေနဲ့ ချယ်လ်ဆီးအတွက် ဘာလုပ်ပေးနိုင် မလဲဆိုတာ စောင့်ကြည့်ချင်စရာကောင်းလာပါတယ်။ ဒါပေ မယ့် မိုဗစ်ခ်ျကတော့ အခုအချိန်ဟာ ချယ်လ်ဆီးရဲ့ အခြေ အနေကို အကဲခတ်နေတဲ့ကာလဆိုတော့ မော်ရင်ဟိုကို ဘာမှတိတိကျကျ မပြောသေးဘူးလို့လည်း သိရပါတယ်။ ဒါ့အပြင် မော်ရင်ဟိုနေရာကိုအစားထိုးဖို့ လီဗာပူးက ထုတ်ပယ်ခဲ့တဲ့ ဘရန်ဒန်ရော်ဂျာ၊ ယခင်ချယ်လ်ဆီးနည်းပြ ဟောင်းနှစ်ဦးဖြစ်တဲ့ ဒီမက်တီယိုနဲ့ ဂူဟစ်ဒင့်တို့ကိုခေါ်ယူ ဖို့စောင့်ကြည့်နေပါတယ်။ ဒီမက်တီယိုကတော့ မော်ရင်ဟို အနေနဲ့ ချယ်လ်ဆီးကို ဆက်လက်ကိုင်တွယ်ခွင့်ရဖို့ မျှော် လင့်နေပြီး မော်ရင်ဟိုသာ ချယ်လ်ဆီးနဲ့ အသင့်လျော်ဆုံး နည်းပြတစ်ဦးဖြစ်တယ်လို့ အားပေးစကား ပြောကြားခဲ့ ပါတယ်။


ဒါ့အပြင် အင်္ဂလန်နဲ့ မန်စီးတီးနည်းပြဟောင်း အဲရစ်ဆင်ကလည်း ချယ်လ်ဆီးအနေနဲ့ မော်ရင်ဟိုကို ထုတ်ပယ်လိုက်ရင် မှားယွင်းတဲ့ ဆုံးဖြတ်ချက်သာဖြစ်လာ လိမ့်မယ်လို့ သတိပေးထားပါတယ်။ အဲရစ်ဆင်က ချယ်လ်ဆီးဟာ မော်ရင်ဟိုကို အခုထုတ်ပယ်လိုက်ရင် လည်း နောင်တစ်ချိန်ကျရင် ပြန်လည်ခေါ်ယူရမှာဖြစ်လို့ ကလပ်အသင်းရဲ့ တည်ငြိမ်မှုကို ထိခိုက်တာကလွဲရင် ဘာမှအကျိုးရှိမှာမဟုတ်ဘူးလို့ သုံးသပ်လိုက်ပါတယ်။မှန်ပါတယ်။ ချယ်လ်ဆီးက ချန်ပီယံလိဂ်ဖလားဆွတ်ခူးချင် ဇောနဲ့ အန်စလော့တီ၊ဟစ်ဒင့်၊ဘိုအာ့စ်စတဲ့ နည်းပြတွေ အများကြီး ပြောင်းလဲခန့်အပ်ခဲ့ပေမယ့်လည်း နောက်ဆုံး မှာတော့ မော်ရင်ဟိုကိုပဲ ပြန်ပြီးခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ အန်စလော့တီကလည်း သူဟာချယ်လ်ဆီးကိုပြန်လည်ကိုင် တွယ်လိုပေမယ့် မိုဗစ်ခ်ျက မော်ရင်ဟိုကို ထုတ်ပယ်မှာ မဟုတ်တာကို သိနေတာကြောင့် ဘာမှမှတ်ချက်မပေးတာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။


မော်ရင်ဟိုကတော့ ချယ်လ်ဆီးရဲ့ ရာသီအစရလဒ် ဆိုးတွေရရှိခဲ့ခြင်းက သူ့မှာသာ တာဝန်အပြည့်အဝရှိတာမို့ သူသာဒီတာဝန်ကို ရာသီအစအဆုံးယူပြီး လမ်းကြောင်းမှန် ပေါ် ပြန်လည်ဆွဲတင်ခွင့်ပေးဖို့ မိုဗစ်ခ်ျကို တောင်းဆိုထားပါ တယ်။ ဒါကြောင့် သူအနေနဲ့ စိတ်တိုင်းမကျတဲ့ကစားသမား တွေဖြစ်တဲ့ ဖယ်လ်ကာအို၊ မာတစ်၊ အော်စကာတို့ကို လာမယ့်ဇန်နဝါရီဈေးကွက်မှာ ထုတ်ရောင်းပြီး ကစား သမားသစ်တွေကို ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေတာဖြစ်ပါ တယ်။ ဦးစားပေးခေါ်ယူချင်နေတဲ့ ကစားသမားတွေက တော့ ရီးယဲလ်တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်၊ အဲဗာတန်နောက်ခံလူ ဂျွန်စတုန်း၊ စပါးတိုက်စစ်မှူး ဟယ်ရီ ကိန်း၊ လက်စတာတိုက်စစ်မှူး ဗာဒီတို့ဖြစ်တယ်လို့ သိရပါ တယ်။


မော်ရင်ဟိုက ပရီမီယာလိဂ်ကစားဟန်နဲ့ အံဝင်ပြီး သားဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဗာဒီတို့နှစ်ဦးထဲက တစ်ဦးကို ဒီယေဂိုကော်စတာနဲ့ တွဲဖက်ကစားဖို့ ခေါ်ယူလိုနေပါတယ်။ စပါးနည်းပြ ပိုချက်တီနိုကတော့ သူ့ရဲ့ တိုက်စစ်မှူး ဟယ်ရီ ကိန်းက စပါးမှာပဲဆက်နေမယ်ဆိုတာသိလို့ ချယ်လ်ဆီးက ခေါ်ယူဖို့ ချိတ်ဆက်နေခြင်းက ကစားသမားရဲ့ခြေစွမ်း ဘယ်လောက်ကောင်းတယ်ဆိုတာကိုသာ ထင်ဟပ်စေတာ ကြောင့် ဝမ်းတောင်သာမိတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ကစား သမားတွေပြောင်းလဲလိုက်ရင် အသင်းရဲ့နည်းစနစ်ပိုင်းကို လည်း အလွယ်တကူလိုက်ပါ ပြောင်းလဲနိုင်မှာဖြစ်တဲ့အတွက် ကစား သမားအသစ်တွေကိုခေါ်ယူပြီး လက်ကျန်ပွဲတွေကို အနိုင်ကစားဖို့ မော်ရင်ဟိုက စိုင်းပြင်းလာတာဖြစ်ပါတယ်။


ရွိုင်ယန်ဟေဒင်

No comments:

Post a Comment