Sunday, November 29, 2015

ရုပ်ရှင်ရုံတွေ ဖျက်မှာလား၊ ပြင်မှာလား၊ ဆောက်မှာလား ဟရို့ . . .




အိုးဝေခင်မောင်ကွန့်

ကျွန်တော်တို့ ဟိုးငယ်ရွယ်စဉ် အချိန်ကစတင်ပြီး ယနေ့ခေတ် ကာလအချိန်အထိတိုင် ငွေရောင်ပိတ် ကားကြီး၊ ရုပ်ရှင်ဇာတ်ကားကြီးများ ကိုသာ နေ့စဉ်မပြတ် လှည့်ပတ် ကြည့်ရှုခဲ့ကြရပါတယ်။ ဟိုး တစ်ချိန်ကဆိုပါလျှင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်လျှောက်မှာ ရွိုင်ရယ်ရုပ်ရှင်ရုံ၊ ကာလ်တန်ရုပ်ရှင်ရုံ၊ ရစ်ဇ်ရုံဘေး မှာက အိပ်ဆယ်စီယာ (ယခု ဝဇီရာ) ရုံနဲ့ ဘုရင့်ရုံ၊ ပြီးတော့ ဆာဦးသွင် တည်ထောင်ခဲ့တဲ့ သွင်ရုပ်ရှင်ရုံ၊ ပြီး တော့ဘေးမှာက ဆုထူးပန်ရုံနှင့် ရွှေဂုံ မြို့မ ရုပ်ရှင်ရုံတို့ရှိပါတယ်။ လှိုင် သာယာမှာလည်း ဝဇီရာရုံရှိပါသေး ရဲ့။ လမ်း(၄ဝ)မှာက ဂျိုတီရုံခေါ် သီဟရုံ၊ ပန်းဆိုးတန်းတစ်လျှောက်မှာ က ရောက်စီရုံ၊ ဂေတီရုံနဲ့ဂျမားရုံတွေ ရှိပါတယ်။ ဆူးလေဘုရားလမ်းဘက် မှာက ပလေဒီယံ (ခ) ပပဝင်းရုပ်ရှင် ရုံနဲ့ ဂလုတ်ရုံ(ခ)ဂုဏ်ရုံ၊ ရှေ့မှာက နေပြည်တော်နဲ့ လိုက်ဟောက်စ်ရုံ တွေရှိပါတယ်။ ဒါပေမယ့် ဒီဘက် က ပပဝင်းရစ်ဇ်ရုံနဲ့ ဂုဏ်ရုံတွေက တော့ဖျက်ပြီး ဟိုတယ်အသွင်ပြောင်း သွားခဲ့ကြပါပြီ။ အလားတူပါပဲ ဂျိုတီ ရုံ၊ ဂေတီရုံ၊ ဂျမားရုံနဲ့ ရောက်စီရုံ ကိုဖျက်ပြီး အဆင့်မြင့်အဆောက် အအုံတွေ ဖြစ်ကုန်ကြပါပြီ။ ရွိုင်ရယ် ရုပ်ရှင်ရုံနှင့် ကာလ်တန်ရုပ်ရှင်ရုံတွေ လည်း ဟိုတယ်အသွင်ပြောင်းလဲ သွားခဲ့ကြပါပြီ။


မင်္ဂလာအဆင့်မြင့်ရုံနဲ့ သမ္မတရုံ တွေ ကျန်နေသေးလို့ တော်ပါသေးရဲ့ ဗျာ။ ရန်ကုန်အနောက်ပိုင်းရှိ ကေသွယ်ရုံ၊ ကာဌေးရုံကတော့ အောင်သပြေကော်ဇောဆိုင်ဖြစ် သွားပြီး အဆင့်မြင့်သုံးရုံတွဲ စံပြ တစ်ရုံပဲ ကျန်ပါတော့တယ်။ ဗိုလ်ချုပ် လမ်းက ဘုရင့်ရုံကိုလည်း ဖျက်လိုက် ပါပြီ။ ပြီးတော့ ရွှေဂုံမြို့မရုံကို ယခုအခါဖျက်ပြီး ပြင်ဆင်နေပါပြီ။ လွှဲပြောင်းရောင်းချထားတဲ့ ဆုထူး ပန်ရုံကိုတော့ ဖျက်သိမ်းလိုက်ပြီး ကာရံထားကာ ခပ်တည်တည်နဲ့ အဆင့်မြင့်လိုလိုဘာလိုလို လုပ်တော့ မယ်ဆိုပြီး အခုအချိန်ထိတော့ ဘာမှ ဖြစ်မလာသေးပါဘူး။ ကြည့်လိုက်စမ်း ပါဦးဗျာ။ တာမွေမှာက ဘုရင့်နောင် ရုံကို ဖျက်လိုက်ပေမယ့် ရွှေဗဟိုရ် ရုပ်ရှင်ရုံကိုတော့ အဆင့်မြင့်ရုပ်ရှင်ရုံ အသွင် ပြုပြင်ဖွင့်လှစ်လိုက်တာမို့ အထူးဝမ်းမြောက်မိပါကြောင်း ခင်ဗျာ။ ဒီကနေ မရိုးဆန်းရုံကိုဖျက်လိုက်ပြီး မွန်းဘေကာရီ စားသောက်ဆိုင်ဖြစ် သွားကာမှာ ယခုအခါ စားသောက် ဆိုင်ပါ ဖျက်သိမ်းလိုက်ရပြန်ပါပြီ။ ဒီကနေ မြေနီကုန်းဘက်ကို ခြေဦး လှည့်ကြည့်လိုက်ပြန်တော့ ဝိဇယရုံ ပျက်ပြီး ဝိဇယဘစ်ဇနက် စီးပွားရေး စင်တာဖြစ်သွားပြန်ပြီ။ တပင်ရွှေထီး ရုပ်ရှင်ရုံကတော့ ဒဂုန်စင်တာဖြစ်သွား ပါပြီ ခင်ဗျာ။


ဆန်းသီရိရုံလည်း ဖျက်ပြီးဆောက် နေပြန်ပါပြီ။ အခုဒီမှာက ရွှေမန်းနဲ့ ရတနာပုံရုပ်ရှင်ရုံတွေကိုပါ ပိတ်ထား သည်။ နောက်ရန်ကင်း ဘောက်ထော် ရုပ်ရှင်ရုံတွေ ကတော့ ပျက်သွားပါပြီ။ ရေကျော်ဇော်ရုံနဲ့ လွင်လွင်ရုံလည်း ပျက်သွားတာကြာပါပြီ။ မြောက် ဥက္ကလာပ ရွှေလမင်းရုပ်ရှင်ရုံက ဆေးခန်းဖြစ်သွားပြီးတော့ ကမာရွတ် က စန္ဒာမြိုင်ရုပ်ရှင်ရုံလည်း ဖျက်တော့ မယ် ထင်တယ်။


ကျွန်တော်တို့ ကြည့်မြင်တိုင်မြို့နယ် ဘက်ကျတော့ ဟိုတုန်းက ကိုဟင်း လမ်း (ခ) မယ်ဇလီပင်လမ်းမှာ ရွှေတိုင်သီရိရုပ်ရှင်ရုံ ရှိခဲ့ပါသေးတယ်။ ၁၉၅၉ ခုနှစ် ဒီဘက်ကျတော့ ရုံပိတ် လိုက်ပြီးနောက် ကြည့်မြင်တိုင် ကရင် ခြံရပ်ကွက်မှာ သီတာရုပ်ရှင်ရုံတစ်ရုံ ပေါ်ပေါက်လာ ပြန်ပါသေးတယ်။ အခုတော့ သီတာရုံလည်း အနိစ္စ သဘောနဲ့ ကိစ္စချောတော့မယ်နဲ့ တူပါရဲ့ဗျာ။ မကြာခင်ကမှ ရုံပိတ်ပြီး ကာရံထားလိုက်ပြန်ပါပြီ။ ဒီလိုနဲ့ ကျွန်တော်တို့ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရပြန်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကုန်တိုက်ကြီးတွေနဲ့တွဲပြီး ဂျန်းရှင်းအမည်သစ်နဲ့ ဘာဂျန်းရှင်း၊ ညာဂျန်းရှင်းတွေ ဆိုတာတွေ မီနီသီ ယေတာ / စီနီမာရုပ်ရှင်ရုံလေးတွေမှာ ဝင်ကြေး ငွေကျပ်သုံး၊ လေး၊ ငါးထောင် ပေးမကြည့်နိုင်ကြလို့ပါပဲဗျာ။ အကယ် ၍ ဖြစ်နိုင်ရင် ဆက်ကြည့်လို့ ပြလို့ရ တဲ့ ရုပ်ရှင်ရုံတွေကိုတော့ ချန်ထားစေ ချင်လို့ပါဗျာ။ ဒါဟာ ရုပ်ရှင်လုပ်ငန်းမှ လက်ကျန် ၁၁၆ ရုံအနက် ရောင်းချ ၄၉ ရုံ၊ ငှားရမ်း ၂၈ ရုံနဲ့ ပုဂ္ဂလိကပိုင် ရုပ်ရှင်ရုံ ၃၉ ရုံမှ ရန်ကုန်တိုင်းဒေသကြီး မှာရှိတဲ့ ရုပ်ရှင်ရုံတွေပါပဲ။ သန်လျင် မှာလည်း ရုံရှိပါသေးရဲ့။ ပြီးတော့ နယ်ပေါင်းစုံလည်း ရုံတွေရှိပါ သေးတယ်။ သာကေတ၊ နဝဒေး၊ (ဥက္ကလာလမ်းဝ)နဲ့ တောင်ဥက္ကလာပ ရုပ်ရှင်ရုံတွေကိုပါ ထည့်ပါဦး။ ဒါပေမယ့် လောလောဆယ် ဒစ်ဂျစ် တယ် ရုပ်ရှင်ရုံ ၂ဝ ခန့်ကို ငွေကျပ် သန်းပေါင်းများစွာ အကုန်အကျခံကာ ပြုပြင် တည်ဆောက်ပြီးဖြစ်၍ ကျွန်တော်တို့ ဝမ်းသာမဆုံး ပီတိတွေ ဖုံးနေရပါတော့သည်ခင်ဗျား။


တကယ်တော့ နှစ်စဉ် ဗီဒီယိုဇာတ် ကား ၁ဝဝဝ ဝန်းကျင်ရိုက်ကူးနေရပြီး ရုပ်ရှင်ဇာတ်ကားကြီး ဖလင်အဖြူ အမည်းဇာတ်ကား ၇ဝ၊ ၉ဝ၊ ၁ဝဝ ဝန်းကျင် ရိုက်ကူးထုတ်လုပ်နေရာမှ နှစ်စဉ် ဆေးရောင်စုံရုပ်ရှင်ဇာတ် ကား ၁၅ ကားမှ ၁၇ ကား ရိုက် ကူးထုတ်လုပ် ပြသနေဆဲတိုင်အောင် ရုပ်ရှင်ရုံတွေက အောင်လံမလဲ ပန်းပန်နေကြဆဲ။ လူထုပရိသတ် ရွှေပွဲလာရုပ်ရှင် ချစ်သူတို့က အားပေးနေကြဆဲပါပေ။ ဒါ့အပြင် မြန်မာ့ရုပ်ရှင် ပေါ်စလွန်ခဲ့သော နှစ်ပေါင်း ၁၉၂ဝ ခုနှစ်ဘက်ဆီမှ ပထမဆုံး မြန်မာ့ရုပ်ရှင်ရုံလေးကို အခု ဗိုလ်ချုပ်ဈေးနေရာတွင် နိုင်ငံခြားသား ဇနီးမောင်နှံတို့က စတင်တည်ဆောက်ပြသခဲ့ချိန်မှ အစပြု၍ ယခုအချိန်တွင် နှစ်ပေါင်း ၁ဝဝ သက်တမ်းတိုင်တော့မည်ဖြစ်၍ ရုပ်ရှင်ရုံများကိုလည်း အထူးတန်ဖိုး ထားကာ ထိန်းသိမ်းပေးကြပါရန် လေးစားစွာ ရေးသားပန်ကြားကာ မေတ္တာရပ်ခံလိုက်ရပါတော့တယ် ခင်ဗျား..


(မကြာမီက မြို့မရုပ်ရှင်ရုံ၊ ကြယ်တာရာရုပ်ရှင်ရုံ၊ စံပြရုပ်ရှင်ရုံ၊ စိန်မေတ္တာရုပ်ရှင်ရုံနှင့် ခေမရဋ်၊ နယ် မှ ရုပ်ရှင်ရုံများကို ရုပ်ရှင်နှင့် တွဲဖက် လုပ်ကိုင်ခြင်းမပြုပါက ရုပ်ရှင်ရုံများ ကို ပြန်လည်သိမ်းဆည်းမည်ဟု ကြားသိရပါကြောင်း ခင်ဗျား။)

No comments:

Post a Comment