Sunday, November 29, 2015

ဘာစီလိုနာကို အမီလိုက်ရန် ခက်ခဲနေဆဲဖြစ်သည့် အက်သလက်တီကို



ဘာစီလိုနာနှင့် အက်သလက်တီကိုတို့သည် လာလီဂါအမှတ် ပေးဇယား အဆင့်(၁)နှင့်(၂)နေရာတွင် ရပ်တည်နေသော် လည်း ယခုထိ ရမှတ်လေးမှတ်အထိ ကွာဟနေဆဲဖြစ်ရာ အက်သလက်ကစားသမား ကိုကီက အက်သလက်အနေဖြင့် ဘာကာကို အမီလိုက်ရန်ခက်ခဲနေဦးဖြစ်ကြောင်း ဝန်ခံ ပြောကြားလိုက်သည်။ ကိုကီက အက်သလက်မှာ လက်ကျန် ပွဲတိုင်းအနိုင်ရလျှင်ပင် ဘာစီလိုနာက ကျော်ဖြတ်ပြီး လာလီဂါချန်ပီယံဆုကိုရယူရန် ခက်ခဲမည်ဖြစ်ကြောင်း လည်း ဆိုခဲ့သည်။ ရီးယဲလ်၏ နှစ်ပတ်ဆက်တိုက်ရလဒ် ဆိုးရွားမှုက လာလီဂါအမှတ်ပေးဇယားကို အပြောင်းအလဲ ဖြစ်စေခဲ့ပြီးနောက် အက်သလက်တီကိုမှာ အမှတ်ပေးဇယား အဆင့်(၂)နေရာသို့ ခုန်တက်လာနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ကိုကီက ဘာကာကစားသမားများ၏ တစ်ဦးချင်းအရည်အသွေးကို မည်သည့်အသင်းမဆို ယှဉ်ရန်ခက်ခဲသော အနေအထားကြောင့် ယခုထက်ပို၍ အမှတ်ကွာဟမှု ကျဉ်းမြောင်းအောင် လျော့ချရန် မလွယ်ကူကြောင်း စပိန်သတင်းစာ မာကာသို့ပြောသည်။
အက်သလက်တီကိုအသင်းသည် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂါလာတာစာရေးအားနှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်အုပ်စု(C)တွင် ဇယားထိပ်ဆုံးနေရာသို့တက်လှမ်း နိုင်ခဲ့သည်။ ထို့ကြောင့် (၁၆)သင်းအဆင့်ရှုံးထွက်ပွဲစဉ်၌ အသင်းကြီးများနှင့် တွေ့ဆုံမှုကိုရှောင်ရှားနိုင်ရန် အတွက် ဘင်ဖီကာနှင့်ကစားမည့် အုပ်စုနောက်ဆုံးပွဲစဉ်ကို အနိုင်ကစားရန် လိုအပ်ကြောင်းလည်း ကိုကီက တိုက်တွန်းခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment