Monday, November 2, 2015

ညဥ့်အချိန် လမ်းဘေးတွင်ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေသူကို ဓားဖြင့်ထောက်၍ လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး




နေပြည်တော် နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၁၂)ရပ်ကွက်နေ ဦးဇော်သူလတ် (၄၁)နှစ်သည် အောက်တိုဘာ ၂၆ ရက် ည ၁၁ နာရီ ၂ဝ မိနစ်က ၄ယ/---- ရင်ဇင်း-110 အစိမ်းရောင်ဆိုင်ကယ်ဖြင့် မြို့ရှောင်လမ်းအတိုင်း မြို့ပြင်မှ နေအိမ်သို့ပြန်လာစဉ် အမှတ်(၁၅)ရပ်ကွက် သူကြီးတောင်ဘုန်းကြီးကျောင်းအနီးအရောက် ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေခိုက် နောက်ကျောဘက် အမှောင် ရိပ်အတွင်းမှ အမျိုးသားနှစ်ဦးရောက်ရှိလာပြီး တစ်ဦးက ၄င်း၏လည်ပင်းအား သိုင်းဖက်၍ ကျန်တစ်ဦးက ဓားဟုယူဆရသောအရာဖြင့်ထောက်ကာ ၄င်း၏အင်္ကျီအိတ်ကပ်အတွင်းမှ ငွေကျပ် ၂၅ဝဝဝ၊ ဖုန်းဆင်းကတ်တစ်ခု၊ ဖုန်း စာချုပ်နှစ်ခု၊ လက်ကိုင်ဖုန်းနှစ်လုံးနှင့်သားရေဖိနပ်တစ်ရံတို့အား လုယူထွက် ပြေးသွားခဲ့သဖြင့် လိုက်လံရှာဖွေသော်လည်း မတွေ့ရှိသောကြောင့် အောက်တိုဘာ ၃ဝ ရက်တွင် ပခုက္ကူမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သည်။
အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် မသင်္ကာသူများ ဖြစ်သည့် ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက် ဆင်ပေါက်လှရပ်နေ ယဉ်မင်းထွေး(ခ)ဖိုးသား(၂၉)နှစ်နှင့် ဝေဖြိုးကျော်(၂ဝ)နှစ်တို့အား စစ်ဆေးခဲ့ရာ ၄င်းတို့နှစ် ဦးသည် သူကြီးတောင်ဘုန်းကြီးကျောင်းအနီး ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေ သည့် ဦးဇော်သူလတ်အား အရိုးအသွား(၁၈)လက်မခန့်ရှိ ဓားဖြင့်ထောက်ပြီး လုယက်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၄င်းတို့နှစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment