Monday, November 2, 2015

ဘော်ကြိုကျောင်းတိုက်အတွင်း ရှေးဟောင်းဘုရား ၅၆ ဆူ ထပ်မံတူးဖော်တွေ့ရှိ



The Mirror Daily's photo.


ဘော်ကြို နိုဝင်ဘာ ၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ဘော်ကြိုဘုန်းကြီးကျောင်းတိုက် အတွင်း၌ ဇူလိုင် ၂၃ ရက်မွန်းလွဲပိုင်းက''ဓာတ်ပေါင်းစု ဂန္ဓကုဋိတိုက်တော်'' တည်ဆောက်ရန်အတွက် မြေတူးဖော်ရာမှ ရှေးဟောင်းဗုဒ္ဓဆင်းတုတော် ၃ဝ၂ ဆူအား တွေ့ရှိခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ နေ့စဉ်စည်ကားစွာ လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ ဓာတ်ပေါင်းစုဂန္ဓကုဋိတိုက်တော်ကြီး တည်ဆောက်မှုလုပ်ငန်းများကို ပန်းရန်ဆရာကြီး ဦးမြင့်စိုး နှင့်အဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက အဆိုပါ တည်ဆောက်ဆဲနေရာအနီး ရေမြောင်းအတွက် မြေတူး ဖော်ရာမှ ရွှေ၊ ငွေ၊ ကြေး ရောရာ ဆင်းတုတော်၊ စကျင် ကျောက်သားဖြူ ဆင်းတုတော်နှင့် ဖန်သားဆင်းတုတော် စုစုပေါင်း ၅၆ ဆူတို့ကို ထပ်မံတူးဖော်တွေ့ရှိခဲ့သည်။ ယခုအခါ ပထမဆုံးတူးဖော်တွေ့ရှိခဲ့ရသော ရှေးဟောင်း ဆင်းတုတော် ၃ဝ၂ ဆူနှင့် ယခုထပ်မံတူးဖော်တွေ့ရှိခဲ့ရသည့် ရှေးဟောင်းဆင်းတုတော် ၅၆ ဆူအပါအဝင် စုစုပေါင်း ၃၅၈ ဆူအား ဘော်ကြိုကျောင်းတိုက်၌ အပူဇော်ခံထားရှိရာ လာရောက်ဘုရားဖူးသူပရိသတ်များဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ကိုလတ် (သီပေါ)

No comments:

Post a Comment