Monday, November 2, 2015

ရွန်းနီနှင့် မာရှယ်လ်တို့နှစ်ဦးအား ဂိုးမက်ဇ်ထံမှ ဂိုးသွင်းနည်းပညာသင်ယူစေချင်တဲ့ ဗန်ဟားလ်




မန်ယူနည်းပြ ဗန်ဟားလ်က ဂိုးပေါက်ပျောက်နေသော တိုက်စစ်မှူး ဝိန်းရွန်းနီနှင့် မာရှယ်လ်တို့နှစ်ဦးအား ယခင်ဘိုင်ယန်တိုက်စစ်မှူးဟောင်း မာရီယိုဂိုးမက်ဇ်ထံမှ ဂိုးသွင်းနည်း ပညာသင်ယူစေချင်ကြောင်း ဆိုလိုက်သည်။ ရွန်းနီသည် နောက်ဆုံးကစားခဲ့သည့် ခြောက်ပွဲတွင် သွင်းဂိုးတစ်ဂိုးသာ သွင်းယူနိုင်ပြီး မန်စီးတီးနှင့်ပွဲတွင် ဘောလုံးနှင့် ထိချက်ပေါင်း (၄၄)ကြိမ်အထိရှိခဲ့သော်လည်း သွင်းဂိုးတစ်ဂိုးမျှ သွင်းယူနိုင်ခြင်းမရှိခဲ့ပေ။
ဗန်ဟားလ်က ရွန်းနီ၏ခြေစွမ်းနှင့် ပတ်သတ်၍ တောက်လျောက်ကာကွယ်ပေးခဲ့သော်လည်း ခရစ္စတယ်ပဲလေ့စ်နှင့် ဂိုးမရှိသရေကျခဲ့သော ပွဲစဉ်အပြီးတွင်မူ အဆိုပါမန်ယူ၏ အဓိကတိုက်စစ် မှူးနှစ်ဦးအနေဖြင့် ဂိုးမက်ဇ်ထံမှ ဂိုးသွင်းနည်းပညာသင်ယူသင့်ကြောင်း ဗန်ဟားလ်က စတင်ပြောကြားလိုက်သည်။
ဗန်ဟားလ်က ၄င်းဘိုင်ယန်နည်းပြအဖြစ်ဆောင်ရွက်စဉ်က တိုက်စစ်မှူးဂိုးမက်ဇ်မှာ တစ်ပွဲပျမ်းမျှဘောလုံးထိချက် ကိုးချက်လောက်သာရှိသော်လည်း ပွဲတိုင်းဂိုးသွင်းယူနိုင်ကြောင်း၊ မန်ယူတိုက်စစ်မှူးများအနေဖြင့် ဘောလုံးနှင့် အကြိမ်များစွာ ထိတွေ့နေသော်လည်း ဂိုးသွင်း ယူနိုင်ခြင်းမရှိသည်မှာ အံ့သြဖွယ်ကောင်းကြောင်း၊ ဘောလုံးရောက်လာသည်နှင့် မည်သည့် အနေအထားဖြင့် ဂိုးသွင်းယူရမည်ကို အလျင်အမြန်စဉ်းစားတတ်သော ဂိုးမက်ဇ်၏ စွမ်းရည်မှာ အလွန်ချီးကျူးဖွယ်ကောင်းကြောင်း၊ထို့ကြောင့် မာရှယ်လ်နှင့် ဝိန်းရွန်းနီတို့နှစ်ဦးလုံး ဂိုးမက်ဇ် ထံမှ ဂိုးသွင်းနည်းကို လေ့လာသင်ယူစေချင်ကြောင်း ဝေဖန်ခဲ့သည်။
မာရှယ်လ်နှင့် ရွန်းနီတို့ နှစ်ဦးစလုံးသည် မန်ယူ၏ တိုက်စစ်ကို အဓိကဦးဆောင်နေသူ နှစ်ဦးဖြစ်သော်လည်း နှစ်ဦးလုံးမှာ ပုံမှန်ဂိုးသွင်းခြေမရသော အနေအထားကို ယခုထိဖြေရှင်း နိုင်ခြင်းမရှိသေးပေ။ ဒီပေးဝင်ရောက်ကစားခြင်းမရှိသည့်ပွဲများတွင် မန်ယူမှာ ဂိုးရရန်ပိုမို ရုန်းကန်နေရပြီး မန်ယူတွင် တခြားအသင်းမှ နောက်တန်းကစားသမားများကို မကြောက် မရွံ့ဖြတ်ကျော်ကစားရဲသော ကစားသမားဆို၍ မာရှယ်လ်တစ်ယောက်သာ ရှိသည်ဟု ယခင် ကစားသမားဟောင်း ဖာဒီနန်က ဝေဖန်ခဲ့သည်အထိ မန်ယူ၏တိုက်စစ်မှာ ထိုးဖောက် တိုက်စစ်ဆင်မှုအပိုင်းတွင် အားနည်းနေသည်။
မေလဲ့သင်း

No comments:

Post a Comment