Sunday, November 29, 2015

နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်းတွင် အသေခံဗုံးတစ်လုံးပေါက်ကွဲ၊ အနည်းဆုံးလူ ၂၁ ဦးသေဆုံး




The Mirror Daily's photo.


အဘူဂျာ နိုဝင်ဘာ ၂၈

နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်းတွင် အသေခံဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံးလူ ၂၁ ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းများအရ သိရသည်။

အဆိုပါဗုံးသည် ကန်နိုမြို့အနီးတွင် ပေါက်ကွဲခဲ့ပြီး ရှီးရိုက်မွတ်စလင်များကို ပစ်မှတ်ထားကာ ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။ အသေခံဗုံးဖောက်ခွဲရေးသမားနှင့်အတူလိုက်ပါလာသည့် ကြံရာပါတစ်ဦးကို ရဲအရာရှိများက လက်ရဖမ်းဆီးခဲ့သည်။ ယင်းဗုံးဖောက်ခွဲရေးလုပ်ရပ်ကို ဘိုကိုဟာရမ်စစ်သွေးကြွများက ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထွက်ဆိုခဲ့သည်။ ဘိုကိုဟာရမ်စစ်သွေးကြွများက ၎င်းနှင့်အသေခံဗုံးဖောက်ခွဲခဲ့သူအား လွန်ခဲ့သောနှစ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်သင်တန်းများ တက်ရောက်စေခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့သည် အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအိုင်အက်စ်စစ်သွေးကြွအဖွဲ့ကို သစ္စာခံသည့် အဖွဲ့ဖြစ်သည်။ နိုင်ဂျီးရီးယားအရှေ့မြောက်ဘက်နယ်မြေများကို ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့က သိမ်းပိုက်ထားကြောင်း သိရသည်။

ယခုနှစ်အစောပိုင်းတွင် နိုင်ဂျီးရီးယားစစ်တပ်ဖွဲ့က ဘိုကိုဟာရမ်စစ်သွေးကြွများကို တိုက်ခိုက်ချေမှုန်းမှုများကြောင့် စစ်သွေးကြွအင်အား အနည်းငယ်လျော့ပါးသွား ခဲ့သော်လည်း နှစ်အလယ်ပိုင်းလောက်တွင် စစ်သွေးကြွ အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ပြန်လည်စတင်လာခဲ့ ကြောင်းတွေ့ရှိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment