Sunday, November 29, 2015

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာဒေသတွင် လေကြောင်းမှ စီးနင်းတိုက်ခိုက်၍ စစ်သွေးကြွ ၁၇ ဦးထက်မနည်းသေဆုံး




The Mirror Daily's photo.


အစ္စလမ္မာဘတ် နိုဝင်ဘာ ၂၈

ပါကစ္စတန် တပ်မတော်က လေကြောင်းမှ စီးနင်းတိုက်ခိုက်မှုတစ်ရပ် စတင်ပြုလုပ်ခဲ့ခြင်းကြောင့် ခိုင်ဘာရှိ လူမျိုးနွယ်စုများ နေထိုင်ရာဒေသတွင် စစ်သွေးကြွလက်နက်ကိုင် အဖွဲ့ဝင် ၁၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်ဘက်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြသည်။

ပါကစ္စတန်လေတပ် ဂျက်တိုက်လေယာဉ်များအား ကျောထောက်နောက်ခံအဖြစ် ထားရှိသော တပ်ဖွဲ့များက အာဖဂန်နစ္စတန် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ခိုင်ဘာဒေသမှ စစ်သွေးကြွစခန်းအချို့အား စီးနင်းတိုက်ခိုက်ရာ၌ တိုက်လေယာဉ်များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယင်းစစ်သွေးကြွများ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

သေဆုံးသွားသည့် စစ်သွေးကြွ လက်နက်ကိုင်များမှာ မည်သည့်အဖွဲ့အစည်း ဝင်များဖြစ်ကြောင်း ဖော်ပြခြင်းမရှိသော်လည်း ယင်းဒေသမှာ မတရားသင်းအဖြစ် ကြေညာထားသည့် လက်ရှ်ခါအိုင်အစ္စလာမ်အဖွဲ့နှင့် သာရက်ခ်အိုင်တာလီဘန်အဖွဲ့တို့ အခြေပြု အားကောင်းသည့် ဒေသဖြစ်သည်။

မကြာသေးမီက ပါကစ္စတန်စစ်ဘက်က လေကြောင်းထိုးစစ်ဆင်ခဲ့သည့် ယင်းဒေသမှာ ခိုင်ဘာစစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ရပ် လည်းဖြစ်သည်။

ယမန်နှစ် အောက်တိုဘာလအတွင်းက စတင်ပြုလုပ်ခဲ့သည့် ပါကစ္စတန်စစ်ဘက်၏ ခိုင်ဘာဒေသစစ်ဆင်ရေးမှာ ယင်းဒေသအတွင်း တာလီဘန်စစ်သွေးကြွများ အမြစ်ပြတ် ချေမှုန်းရေးအတွက် ရည်ရွယ်လုပ်ဆောင်နေ ခြင်းဖြစ်သည်။ အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်သော ပါကစ္စတန်စစ်ဘက်၏ ခိုင်ဘာစစ်ဆင်ရေးအတွင်း စစ်သွေးကြွ ၅ဝဝ ကျော်အား သုတ်သင်ချေမှုန်းနိုင်ခဲ့ပြီး စစ်သွေးကြွ ၄ဝဝ ကျော်မှာ ပါကစ္စတန်တပ်ဖွဲ့များထံ လက်နက်များချအပ်ခဲ့ကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြသည်။

ဆင်ဟွာ။

No comments:

Post a Comment