Monday, November 2, 2015

ဆိုင်းနိုင်းကျွန်းဆွယ်ကို လေကြောင်းလိုင်းများ ဖြတ်၍ ပျံသန်းမည်မဟုတ်



Myanmaalinn's photo.

 မော်စကို နိုဝင်ဘာ ၁

ရုရှားခရီးသည်တင်လေယာဉ်တစ်စင်း အီဂျစ်နိုင်ငံအရှေ့ဘက် ဆိုင်းနိုင်း ကျွန်းဆွယ်တွင် အောက်တိုဘာ ၃၁ ရက်က ပျက်ကျမှုဖြစ်ပွားပြီးနောက် လေကြောင်းလိုင်းသုံးခုက အဆိုပါဒေသကို ဖြတ်၍ ပျံသန်းမှုများပြုလုပ်မည် မဟုတ်ကြောင်း ပြောခဲ့သည်။
အဲဖရန့်စ်ပြင်သစ်လေကြောင်းလိုင်း၊ ဂျာမနီ လုဖ်သန်ဇာလေကြောင်း လိုင်းနှင့် ဒူဘိုင်းအခြေစိုက်အီမီရိတ်လေကြောင်းလိုင်းများက ရုရှားခရီးသည် တင် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို မသိရမချင်း ကြိုတင် ကာကွယ်မှုများပြုလုပ်သည့်အနေဖြင့် ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ရုရှားလေကြောင်းလိုင်း ကိုဂယ်လျန်အဗီရာပိုင် လေယာဉ်တစ်စင်းသည် ဆိုင်းနိုင်းပင်လယ်နီအပန်းဖြေစခန်း ရှန်အယ်-ရှိတ်မှရုရှားနိုင်ငံစိန့်ပီတာစဘတ် မြို့သို့ ဦးတည်ပျံသန်းစဉ်ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်ပါခရီးသည် ၂၂၄ ဦးလုံး သေဆုံးခဲ့သည်။
အီဂျစ်လေကြောင်းအာဏာပိုင်များက လေယာဉ်ပျံသန်းမှုခရီးစဉ်မှတ်တမ်း သေတ္တာနက်ကို တွေ့ရှိခဲ့ပြီး ရုရှားအာဏာပိုင်များနှင့် ပူးပေါင်း၍ စုံစမ်းမှုများကိုပြုလုပ်နေကြောင်းသိရသည်။
လေယာဉ်ပျံတက်ပြီးမကြာမီ လေယာဉ်မှူးတစ်ဦးက လေယာဉ်တွင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ရှိကြောင်း ပြောခဲ့သည်ဟု အစီရင်ခံစာအချို့တွင် ဖော်ပြသည်။အကူလေယာဉ်မှူး၏ ဇနီးကို ရုရှားမီဒီယာများကမေးမြန်း ရာတွင် လေယာဉ်၏ အခြေအနေကိုအားရကျေနပ်ခြင်းမရှိကြောင်း သူ၏ခင်ပွန်းက ပြောခဲ့ကြောင်း၊ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့်ပျက်ကျရခြင်း ဖြစ်နိုင် ကြောင်း ၄င်းကပြောခဲ့သည်။
အီဂျစ်လေကြောင်း ထိန်းသိမ်းရေးဝန်ကြီးဌာန ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးက လေယာဉ်ပျက်ကျမှုမဖြစ်ခင် အခြေအနေများမှာ အားလုံးပုံမှန်ဖြစ်ကြောင်း ပြောခဲ့သည်။ အိုင်အက်စ်စစ်သွေးကြွများနှင့် မိတ်ဖက်အဖွဲ့များဖြစ်သော လက်နက်ကိုင်သောင်းကျန်းသူပုန်အဖွဲ့တစ်ဖွဲ့က လေယာဉ်ပျက်ကျရခြင်း သည် ၄င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော်လည်း အီဂျစ် အစိုးရက အဆိုပါပြောကြားချက်ကို ငြင်းဆိုထားသည်ဟု သိရသည်။

(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment