Monday, November 2, 2015

အမေရိကန်ကျောထောက်နောက်ခံ ဆီးရီးယားသူပုန် အိုင်အက်စ်တို့အား ထိုးစစ်အသစ်စတင်



Myanmaalinn's photo.

 ဘေရွတ် နိုဝင်ဘာ ၁

အမေရိကန်ကျောထောက်နောက်ခံပြုသော ဆီးရီးယားသူပုန်အဖွဲ့က ဟာဆာကာပြည်နယ်အရှေ့မြောက်ပိုင်းရှိ အိုင်အက်စ်စစ်သွေြး<ွကများအား စနေနေ့၌ ထိုးစစ်ထပ်မံပြုလုပ်ခဲ့ကြောင်း၊ ယင်းမှာ အမေရိကန်ကဂျီဟတ် အကြမ်းဖက် သမားများအား တိုက်ခိုက်ရန် အကြံပေးရေးအထူးတပ်ဖွဲ့ဝင်များ စေလွှတ်ပေးရန်ပြောကြားလိုက်ပြီး တစ်ရက်အကြာ၌ လုပ်ဆောင်ခဲ့ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။
အမေရိကန် ကျောထောက်နောက်ခံ ကာဒစ်ပြည်သူ့စစ်နှင့် အခြားအာရပ်သူပုန်အုပ်စုများနှင့် ပူးပေါင်း လိုက်သော ဆီးရီးယား ဒီမို ကရက်တစ်တပ်ဖွဲ့က ယင်းစစ်ဆင် ရေးကို ပထမဆုံး စတင်ကြေညာ လိုက်ခြင်းဖြစ်သည်။
၎င်းအဖွဲ့ကို ယခုလအစောပိုင်း တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဒေသ တွင်းပြိုင်ဘက်များ ဗီယင်နာ၌ လေးနှစ်ကြာ ပြည်တွင်းစစ်ကို အဖြေတစ်ခုရှာရန် ဆွေးနွေးခဲ့ကြ သည်။
ရုရှားက လွန်ခဲ့သောတစ်လက ဆီးရီးယား ပြည်တွင်းစစ်အတွင်း လေကြောင်းတိုက်ခိုက်မှုဖြင့် ပါဝင် လာခဲ့ကြောင်း သိရသည်။
ဟာဆာကာတိုက်ပွဲကို ယမန်နေ့ ညပိုင်းက စတင်ခဲ့ကြောင်း မဟာမိတ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြော သည်။ ယင်းဒေသတွင် အိုင်အက်စ် ချေမှုန်းရေးအုပ်စုများက လေကြောင်း နှင့် ခြေလျင်တိုက်ပွဲများ ဆင်နွှဲ နေပြီဖြစ်ကြောင်းလည်း ၄င်းက ပြောသည်။

(ရိုက်တာ)

No comments:

Post a Comment