Sunday, November 1, 2015

ဆီးရီးယား နိုင်ငံပဋိပက္ခအဆုံးသတ်ရေးသဘောမတူမှုများ ဆက်လက်ကျန်ရှိ





ဒမတ်စကတ် အောက်တိုဘာ ၃၁

နိုင်ငံပေါင်း ၁၇ နိုင်ငံမှ နိုင်ငံ ခြားရေးဝန်ကြီးများသည် ဆီးရီးယား နိုင်ငံပဋိပက္ခကို သံတမန်နည်းလမ်း ဖြင့် အဆုံးသတ်ရန် ဗီယင်နာ အစည်းအဝေး၌ သဘောတူခဲ့သော် လည်း ဆီးရီးယားသမ္မတ ဘရှာ အယ်လ်အာဆတ်၏ ကံကြမ္မာကို အဆုံးအဖြတ်မပေးနိုင်ခဲ့ပေ။
ထို့ကြောင့် အဆိုပါအစည်း အဝေးတွင် ပါဝင်ဆွေးနွေးခဲ့သူများက လာမည့်နှစ်ပတ်အတွင်း နောက်ထပ် အစည်းအဝေးတစ်ခုကို ဆက်လက် ဆွေးနွေးရန် ဆုံးဖြတ်ချက်ချခဲ့သည်။
ယင်းအစည်းအဝေးတွင် ပါဝင် ခဲ့သော အမေရိကန်ပြည်ထောင်စု နှင့် အာရပ်ရှိ မဟာမိတ်နိုင်ငံများ၊ ဥရောပနိုင်ငံများ၊ ရုရှားနှင့် အီရန် စသည့်နိုင်ငံများသည် ဆီးရီးယားကို ထောက်ပံ့နေသော အဓိကနိုင်ငံများ ဖြစ်ကြသည်။

ခုနစ်နာရီကြာ ဆွေးနွေးပြီး နောက် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ၊ ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်နှင့် ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတက်ဖန်ဒီ မစ်တူရာတို့သည် သတင်းထောက် များကို တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး အိုင်အက်စ်စစ်သွေးကြွများနှင့်အခြား အကြမ်းဖက်ကွန်ရက်များကို အမြစ် ပြတ်နှိမ်နင်းရန် အချက်ကိုးချက်ပါ သဘောတူညီမှု ရရှိခဲ့ကြောင်း ကြေ ညာခဲ့သည်။ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီက ဆီးရီးယား သမ္မတ ဘရှာအယ်လ်အာဆတ်ကို ရာထူးမှ ဆင်းပေးရန် အလို့ငှာ အမေရိကန်နိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်း တိုက်တွန်းပြောကြား လိုက်သည်။ ဆီးရီးယားအရေးဖြေ ရှင်းရန်မှာ ဆီးရီးယားပြည်သူများ၏ အရေးဖြစ်ကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ပြောကြားခဲ့သည်။ ဆီးရီးယားအရေး အပေါ် မတူညီသော သဘောထား များ ဆက်လက်ကျန်ရှိနေသေး ကြောင်း ၄င်းကဆက်လက်ပြောကြား ခဲ့သည်။ (အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment