Monday, November 2, 2015

လီဗာပူးအားရှုံးနိမ့်သော်လည်း ချယ်လ်ဆီးအားဆက်လက်ကိုင်တွယ်ခွင့်ရမည်ဟု မော်ရင်ဟို ယုံကြည်ထား




ပရီမီယာလိဂ်ပွဲစဉ်(၁၁)မှာ ချယ်လ်ဆီးက လီဗာပူး ကို ရှုံးနိမ့်ခဲ့ပေမယ့် နည်းပြမော်ရင်ဟိုက သူဟာချယ်လ်ဆီး ကို ဆက်လက်ကိုင်တွယ်ခွင့်တော့ ဆုံးရှုံးမှာမဟုတ်ဘူးလို့ အခိုင်အမာ ဆိုလိုက်ပါတယ်။ ချယ်လ်ဆီးသာ လီဗာပူး ကိုရှုံးနိမ့်ရင် မော်ရင်ဟိုလည်း ချယ်လ်ဆီးနည်းပြထိုင်ခုံ မှာဆက်ထိုင်ခွင့်ရှိမှာမဟုတ်ဘူးလို့ အစောပိုင်းက သတင်းတွေထွက်ခဲ့ပေမယ့် တကယ်တမ်းရှုံးပွဲ ကြုံခဲ့တာ တောင် မော်ရင်ဟိုရဲ့ ခုံကမြဲနေဆဲပါ။
လီဗာပူးကိုရှုံးနိမ့်တဲ့ပွဲအပြီးမှာသတင်းထောက် တစ်ဦးက '' ဒါက ခင်ဗျားအတွက် ချယ်လ်ဆီးကိုကိုင်တွယ် ခွင့်ရတဲ့နောက်ဆုံးပွဲလား'' လို့မေးမြန်းခဲ့ရာမှာ မော်ရင်ဟို က''မဟုတ်ပါဘူး။ပရိသတ်တွေက လူပြိန်းတွေမဟုတ် တော့ ကျွန်တော်ကိုယ်တိုင်ရော ကစားသမားတွေပါ ရလဒ်ဆိုးတွေထဲက ရုန်းထွက်နိုင်အောင် ဘယ်လောက် အထိအားထုတ်နေလဲဆိုတာ သူတို့ကောင်းကောင်းကြီး သိကြပါတယ်'' လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင်မော်ရင်ဟိုက ပွဲအပြီးမှာသူ့ရဲ့နည်းပြအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးနေတဲ့ပုံကို ဓာတ်ပုံရိုက်ကူးခံခဲ့သလို တိုက်ပွဲဝင်စိတ်ရှိနေသရွေ့ အနိုင်ရလဒ်ဆိုတာ မခက်ပါ ဘူးလို့လည်း တုံ့ပြန်ခဲ့ပါတယ်။ တစ်ခုရှိတာက မော်ရင်ဟိုဟာ ဘယ်လိဂ်မှာ နည်းပြအဖြစ်ဆောင်ရွက်ခဲ့ ဆောင်ရွက်ခဲ့ တစ်ရာသီလုံး ခြောက်ပွဲထက်ရှုံးနိမ့်ဖူးတဲ့ ရာဇဝင်ဆိုတာ သူ့မှာ မရှိခဲ့တာကြောင့် အခုခြောက်ပွဲ မြောက် အရှုံးနောက်မှာ ပြန်လည်နိုးထနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းပါတယ်။
ချယ်လ်ဆီးက ပွဲအစမှာ ရာမီရက်ဇ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ကော်တင်ဟိုနဲ့ ဘန်တီကီတို့ရဲ့သွင်းဂိုးတွေခွင့်ပြုလိုက်ရတဲ့အတွက် ခြောက်ပွဲမြောက်ပရီမီယာ လိဂ်အရှုံးကို ရင်ဆိုင်လိုက်ရတာပါ။ ထူးခြားတာက ချယ်လ်ဆီးအသင်းက ပွဲအစမှာဆို ကစားပုံကောင်းပြီး ဦးဆောင်ဂိုးတွေသွင်းထားနိုင်ကာမှ ပွဲချိန်ကြာလာရင် ကစား အား ကျဆင်းလာပြီး တစ်ဖက်အသင်းကို ချေပဂိုးနဲ့အနိုင်ဂိုး တွေ အလွယ်တကူပေးနေရတဲ့အချက်ပါ။ ဒါ့ကြောင့် ချယ်လ်ဆီးအနေနဲ့ တစ်ပွဲလုံးရဲ့ ကစားအားအတက် အကျကို ကောင်းကောင်းထိန်းညှိတတ်တဲ့ ဗဟိုကွင်း လယ်ကစားသမားနှစ်ဦးနဲ့ ဦးဆောင်ဂိုးရပြီးနောက် မှာ အသင်းရဲ့နောက်တန်းကို ဦးဆောင်ကစားနိုင်မယ့် ခံစစ်မှူးကောင်းကောင်းလိုအပ်နေပါတယ်။ ဒီအချက် ကိုပြင်နိုင်ရင် ချယ်လ်ဆီးရဲ့ နိုင်ပွဲတွေကို ပရိသတ်တွေ ပြန်လည်မြင်တွေ့ရမှာပါ။
ရွိုင်ယန်ဟေဒင်

No comments:

Post a Comment