Tuesday, November 3, 2015

တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ စက်ရုံ၌ အကြီးစားလေယာဉ်ထုတ်လုပ်မှု စတင်



The Mirror Daily's photo.


ရှန်ဟိုင်း နိုဝင်ဘာ ၂

တရုတ်နိုင်ငံသည် ပြည်တွင်းလုပ် အကြီးစားလေယာဉ်အမျိုးအစားသစ်ကို နိုဝင်ဘာ ၂ ရက်တွင် စတင်ထုတ် လုပ်ခြင်းဖြင့် နိုင်ငံတော်၏ မြို့ပြ လေကြောင်းသမိုင်းတွင် မှတ်တိုင်တစ်ရပ်ကို စိုက်ထူလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက နိုဝင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်း မြို့ရှိ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းသုံး လေယာဉ်ထုတ်လုပ်ရေးကော် ပိုရေးရှင်း၏ စက်ရုံ၌ စီ-၉၁၉ အမျိုးအစား ခရီးသည်တင်လေယာဉ်ကို စတင်ထုတ်လုပ်ပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

စီ-၉၁၉ အမျိုးအစား ခရီးသည် တင်လေယာဉ်ကို လေကြောင်းခရီးစဉ်များ၌ စတင်အသုံးပြုသည့်အခါ အဲဘတ်စ်-၃၂ဝ နှင့် ဘိုးအင်း-၇၃၇ နောက်ဆုံးပေါ် လေယာဉ်ကြီးများနှင့်အပြိုင် လေကြောင်းပို့ဆောင်ရေး ဈေးကွက်တွင် တွေ့မြင်လာကြရ မည်ဖြစ်သည်။

စီ-၉၁၉ အမျိုးအစား ခရီးသည် တင်လေယာဉ်သည် ခရီးသည် ၁၅၈ ဦး လိုက်ပါနိုင်ပြီး ၄ဝ၇၅ ကီလိုမီတာ ခရီးတာကို ပျံသန်းနိုင်သည့် အကြီး စားလေယာဉ်ဖြစ်သည်။

စီ-၉၁၉ အမျိုးအစား ခရီးသည်တင် လေယာဉ်သည် လာမည့်နှစ်တွင် ပထမဆုံးအကြိမ် လေကြောင်းခရီးစဉ် စမ်းသပ်ပျံသန်းရန် ရည်မှန်းထားသည်။ သို့ရာတွင် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရန် သုံးနှစ်ထက်မနည်း စမ်းသပ်ပျံသန်းမှုများ ဆက်လက်ပြုလုပ်သွားရမည် ဖြစ်သည်။
ဆင်ဟွာ။

No comments:

Post a Comment