Monday, November 2, 2015

မိခင်များကို အားကျစေခဲ့တဲ့ အဲလစ်စန်ဒရာအမ်ဘရိုစီယို




ပုံမှာမြင်တွေ့ရတဲ့အတိုင်းစန်တာမော်နီကာမှာရှိတဲ့ သမီးလေးရဲ့ကျောင်း ကိုသွားကြိုခဲ့တဲ့ ဗစ်တိုးရီးယားစီးကရက်ထ်မော်ဒယ် အဲလစ်စန်ဒရာ အမ်ဘရိုစီယိုကိုအခြားသောမိခင်တွေကအားကျတဲ့မျက်လုံးတွေနဲ့ ငေးကြည့်နေခဲ့ ပါတယ်။
အကြောင်းကတော့ အဲလစ်စန်ဒရာဝတ်ဆင်ထားတဲ့ ဟောလိုးဝင်းပွဲတော် ဝတ်စုံကြောင့်ပါ။ နိုင်ငံရဲ့ထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်တဲ့ ယင်းပွဲတော်ရဲ့နေ့ရက် တွေမှာလူအများဟာ ထူးခြားတဲ့ဝတ်စုံတွေကို ဝတ်ဆင်သွားလာလေ့ရှိပါတယ်။ 
အဲလစ်စန်ဒရာကတော့ အနီရောင်တောက်တောက်ဝတ်စုံကို ဝတ်ဆင်ခဲ့တာမို့ လူအများကြားမှာထင်ရှားနေခဲ့ပါတယ်။ ဒါ့အပြင်ချစ်စရာကောင်းတဲ့ဝတ်စုံ ကြောင့် သူ့ကို ပြည့်စုံတဲ့အသွင်အပြင်နဲ့ အခြားသူတွေကငေးကြည့်ရလောက် အောင်ဖြစ်စေခဲ့တာပါလို့ တီအမ်ဇက်ဒေါ့ကွန်းကဖော်ပြခဲ့ပါတယ်။

အေးပြည့်

No comments:

Post a Comment