Saturday, November 28, 2015

တရုတ်နိုင်ငံက အဝေးထိန်းစနစ်ပါ ဂြိုဟ်တုတစ်လုံးကို လွှတ်တင်




ပေကျင်း နိုဝင်ဘာ ၂၇ 

တရုတ်နိုင်ငံသည် မြေမျက်နှာ သွင်ပြင်အနေအထား၊ ကောက်ပဲ သီးနှံနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့ကို ဆန်းစစ်မှုပြုရန် အတွက် အဝေးထိန်းစနစ်ပါဂြိုဟ်တု တစ်လုံးကို နိုဝင်ဘာ ၂၇ ရက်က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။
Yaogan-29 ဟုခေါ်သောအဆိုပါ ဂြိုဟ်တုကိုLong March-4C ဒုံးပျံ က သယ်ဆောင်သွားခဲ့ပြီး ယင်းဒုံးပျံ ကို တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီပြည်နယ်ရှိ တိုင်ယမ် ဒုံးပျံ လွှတ်တင်ရေးစခန်းမှ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။

ထိုသို့လွှတ်တင်ခြင်းသည်Long
March အမျိုးအစားဒုံးပျံ၏ ၂၁၉ ကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ပထမဆုံးYaogan အမျိုးအစား ဂြိုဟ်တု Yaogan 1 ကို ၂ဝဝ၆ ခုနှစ်တွင် လွှတ်တင်ခဲ့သည်။
ယင်းဂြိုဟ်တုကို မြေမျက်နှာ သွင်ပြင်အနေအထား စစ်တမ်း ကောက်ယူခြင်း၊ သီးနှံအထွက်များ ကို ခန့်မှန်းခြင်း၊ သဘာဝဘေးကယ် ဆယ်ရေးလေ့လာမှုများ ပြုလုပ် ခြင်းစသည့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် လွှတ်တင်လိုက်ခြင်းဖြစ် ကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်း အေဂျင်စီက ဖော်ပြခဲ့သည်။
Yaogan-28 လွှတ်တင်ပြီး ရက်သတ္တပတ်ကျော်ကြာပြီးနောက် Yaogan-29 ကို လွှတ်တင်လိုက်ခြင်း ဖြစ်သည်။
(ဆင်ဟွာ)

No comments:

Post a Comment