Monday, November 30, 2015

ကမ္ဘာကြီးပူနွေးမှုတိုက်ဖျက်ရေး မြို့တော်ပါရီ၌ ဆန္ဒပြရန်စီစဉ်




The Mirror Daily's photo.


ပါရီ နိုဝင်ဘာ ၂၉

ပြင်သစ်နိုင်ငံ၌ ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံ အကြိုနေ့တွင် ကမ္ဘာကြီး ပူနွေးလာမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူများက မြို့တော်ပါရီ၌ ဆန္ဒပြရန် စီစဉ်ထားကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံကျင်းပချိန်နှင့် အချိန်ကိုက်၍ ကမ္ဘာ့မြို့ကြီးများဖြစ်ကြသော ဆစ်ဒနီ၊ ဂျကာတာ၊ ဘာလင်၊လန်ဒန်၊ စောပေါ်လိုနှင့် နယူးယောက်တို့၌ ကမ္ဘာကြီးပူနွေးလာမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှား သူများက လူထုလှုံ့ဆော်ရေးအစီအစဉ်များကို တစ်ပြိုင်တည်းပြုလုပ်ရန် ရှိနေစဉ် မြို့တော်ပါရီ၌လည်း အလားတူပြုလုပ်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ပြင်သစ်နိုင်ငံ မြို့တော်ပါရီ၌ လူပေါင်း ၁၃ဝ သေဆုံးစေခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရအဖွဲ့က အရေးပေါ်အခြေ အနေ ထုတ်ပြန်ထားရာ ကမ္ဘာကြီးပူနွေးလာမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှား သူများက ၎င်းတို့၏ လှုပ်ရှားမှု အစီအစဉ်ကို အကျဉ်းချုံးပြုလုပ်မည်ဖြစ်သည်။

ပြင်သစ်နိုင်ငံ၌ လုံခြုံရေးအခြေအနေအရ ထိပ်သီးညီလာခံ မကျင်းပမီတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူ ၂၄ ဦးကို နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်စေခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဘားနစ်ကာဇန်နုက ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment