Monday, November 30, 2015

လုံခြုံရေးတင်းကျပ်မှုကြောင့် ပြင်သစ်နိုင်ငံသို့ လူ ၁ဝဝဝ ခန့် ဝင်ခွင့်မရ




The Mirror Daily's photo.


ပါရီ နိုဝင်ဘာ ၂၉

ပြင်သစ်နိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်က ပါရီမြို့အကြမ်းဖက်တိုက်ခိုက်ခံ ရပြီးနောက် ပြင်သစ်နိုင်ငံတွင်းသို့ ဝင်ရောက်မည့် လူ ၁ဝဝဝ ခန့်ကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

လုံခြုံရေးအခြေအနေကြောင့် လူအများအပြားကို ပြည်ဝင်ခွင့်ပြုရန် ငြင်းဆန်ခဲ့ရခြင်းဖြစ်ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘားနက်ကာဇန်နူက နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထောက်များကို ပြောကြားသည်။ ပြင်သစ် အစိုးရအနေဖြင့် ပါရီမြို့အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် ကြေညာထားသကဲ့သို့ နယ်စပ်ဒေသများတွင်လည်း လုံခြုံရေးတင်းကျပ်ထားသည်။

ပြင်သစ်နိုင်ငံသည် (၂၁)ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်သည့်အတွက် ပြင်သစ် အစိုးရအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ တပ်လှန့်နှိုးဆော်ထားကြောင်း ဘားနက်က ပြောကြားသည်။

ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် ၁၅ဝဝဝ ခန့်တို့ နယ်စပ်ဒေသများကို စောင့်ကြည့်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပါရီမြို့၌ နိုဝင်ဘာ ၃ဝ ရက်တွင် စတင်ကျင်းပမည့် ကုလသမဂ္ဂရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံသို့ ကမ္ဘာတစ်ဝန်းမှ နိုင်ငံတကာခေါင်းဆောင် ၁၅ဝ နီးပါးတက်ရောက်ကြမည်ဖြစ်သည်။ ယာဉ်ကြောပိတ်ဆို့မှုများကိုလည်း ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းသွားရမည်ဖြစ်ပြီး ညီလာခံကျင်းပနေသည့် ကာလအတွင် နိုင်ငံသားများအနေဖြင့် ကိုယ်ပိုင်ယာဉ်များကို အသုံးမပြုကြရန် တာဝန်ရှိသူများက တိုက်တွန်းနှိုးဆော်ထားသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment