Saturday, November 28, 2015

မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ စောဂေါ်မူဒိုက ဒေါနအောင်ကို အလဲထိုးနိုင်




 Myanmaalinn's photo.

ရန်ကုန် နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူး ပြီးAir KBZ က အဓိကပံ့ပိုးကူညီကာ မြန်မာ မီဒီယာဂရု(ပ်)က စီစဉ်သော Bagan Fight မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးနှင့် မျိုးဆက် သစ် လက်ဝှေ့ပွဲစဉ် (၁၁) ကို ညောင်ဦးမြို့ ရွှေစည်း ခုံ ဘုရားအနီး ခရိုင်ဘောလုံးကွင်း၌ နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီက ကျင်းပခဲ့ရာ မော်ဒယ်သရုပ် ဆောင် ဇွန်သဉ္ဇာ၊ ဇာဇာထက်၊ နန်းဝေဝေထွန်း တို့က မြန်မာ့ယဉ်ကျေးမှုပုဂံဝတ်စုံများဖြင့် အမှတ် စဉ်များကို လှည့်လည်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးချီစိန်ခေါ်ပွဲတွင် ဇော်ချစ်အောင် (စွမ်းကေကေ)နှင့် ကျားဗဟိန်း(အလင်းရောင်)ပွဲ တွင် တစ်ဦးနှင့်တစ်ဦး သူတစ်ပြန်ကိုယ်တစ်ပြန် အလူးအလဲ ပူးတွဲသရေဖြစ်ကာ၊ ထွန်းနိုင်ဦး (အဖြူရောင်သွေးသစ်)နှင့် နေနေ(ခ)သားအသည်း တစ်ပွင့်(စွမ်းကေကေ)ပွဲမှာလည်း အရှုံးအနိုင် မပေါ်ဘဲ သရေဖြစ်ခဲ့သည်။ နောက်တစ်ပွဲဖြစ် သည့် ပထမတန်းလက်ဝှေ့ကျော် စောဂေါ်မူဒို (သတ္တိ)နှင့် ရွှေခါးပတ်ချန်ပီယံဒေါနအောင် (အဖြူ ရောင်သွေးသစ်)တို့ ပွဲဖြစ်သည်။ ပထမအချီ၌ စောဂေါ်မူဒိုခြေကန်ချက်၊ လက်သီးတွဲလုံးတွေကြောင့် ဒေါနအောင်အထိနာခဲ့ရ၍ ဒုတိယအချီတွင် စောဂေါ်မူဒို၏ ခြေကန်ချက်ကြောင့် ဒေါနအောင်ပြိုလဲကာ မယှဉ်ပြိုင်နိုင်၍ စောဂေါ်မူဒိုအလဲထိုးအနိုင်ရရှိသွားသည်။ လေးချီပွဲတွင် ထယ်ကြီး(S.T.L)နှင့် သျှင်ရဲထွန်း (အဖြူရောင်သွေးသစ်) တို့ပွဲမှာလည်း လက်ရည်မမျှ၍ သျှင်ရဲထွန်းအနိုင်ရရှိကာ ထွန်းလွင်မိုး(နဂါးမာန်)နှင့် ဆင်ရိုင်းလေး(ရွှေသောင်းရင်း)ပွဲမှာလည်း သရေကျကာ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် မျိုးဆက်သစ်သုံးချီလေးပွဲယှဉ်ပြိုင်ခဲ့ကြသည်။
အထူးသရုပ်ပြပွဲတွင် မြန်မာပြည်ချန်ပီယံဟောင်း ရွှေဝါထွန်း(ရွှေသောင်းရင်း)နှင့် မြန်မာပြည်ချန်ပီယံဟောင်း လုံးချော(သတ္တိ)တို့က မြန်မာ့ရိုးရာလက်ဝှေ့ ထိုးလုံးထိုးပေါက်များ ပြသပြီး ဒိန်းမတ်နိုင်ငံသား နီကိုလက်ခ်ျ(ခ) စောထက်မြက်(သတ္တိ) က ရိုးရာလက်ဝှေ့ရေးပြသခဲ့သည်။
တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment