Sunday, November 29, 2015

အာဆီယံနှင့်ဂျပန်လူငယ်များအား တစ်ညတာတည်းခိုမည့် မြန်မာအိမ်ရှင်မိသားစုများနှင့် ချိတ်ဆက်ပေး




ရန်ကုန် နိုဝင်ဘာ ၂၈

(၄၂)ကြိမ်မြောက် အရှေ့တောင် အာရှနှင့် ဂျပန်လူငယ်သင်္ဘောခရီး စဉ်တွင် လိုက်ပါလာသူ အာဆီယံနှင့် ဂျပန် ၁၁ နိုင်ငံတို့မှ တက္ကသိုလ် ကျောင်းသား လူငယ်မောင်မယ် ၃၃ဝ တို့အား တစ်ညတာတည်းခို နေထိုင်ရန် မြန်မာအိမ်ရှင် မိသားစု များနှင့် ချိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ်စိန်ရတုခန်းမ ၌ကျင်းပသည်။
အစီအစဉ်အရ ရန်ကုန်အနောက် ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးအေးခိုင်က ခေတ္တ တည်းခိုနေထိုင်ရန် လက်ခံကြမည့် မိသားစုဝင်များသိရှိနိုင်ရန် သတ်မှတ် ချက်များကို ရှင်းလင်းပြောကြားပြီး ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမျိုးသိမ်း ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် အာဆီယံနှင့် ဂျပန် လူငယ်သင်္ဘောခရီးစဉ်တွင် လိုက်ပါ လာကြသည့် လူငယ်များအား တည်းခို နေထိုင်ရန်လက်ခံကြမည့် မြန်မာ အိမ်ရှင်မိသားစုများနှင့် ချိတ်ဆက် ပေးသည်။
(သတင်းစဉ်)

No comments:

Post a Comment