Sunday, November 29, 2015

အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်ရှိ ဆေးခန်းတစ်ခု ၌ ပစ်ခတ်မှုဖြစ်ပွား၊ သုံးဦးသေဆုံး




ကော်လိုရာဒို နိုဝင်ဘာ ၂၈

နိုဝင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီခွဲက အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်ရှိ ဆေးခန်းတစ်ခုကို သေနတ်သမားတစ်ဦးက တိုက်ခိုက် ခဲ့ရာ လူသုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။
သေနတ်သမားက ဆေးခန်းကို အကာအကွယ်ယူ၍ ရဲများကို ခုခံပစ် ခတ်မှုများပြုလုပ်ခဲ့ပြီး ငါးနာရီကြာပြီးနောက် ဆေးခန်းထဲမှထွက်လာကာ အဖမ်းခံခဲ့သည်။

ပစ်ခတ်မှုတွင် ရဲအရာရှိတစ်ဦးနှင့် အခြားလူနှစ်ဦး သေဆုံးခဲ့ပြီး အရာရှိ ငါးဦးအပါအဝင် လူကိုးဦး ဒဏ်ရာရရှိခဲ့ကြသည်။ သေနတ်သမားသည် ဘာကြောင့် ဆေးခန်းထဲသို့ သေနတ်များ ယူဆောင်သွားသလဲဆိုသည်ကို ရဲများက အဖြေရှာနေကြောင်း သိရသည်။
ယင်းကိစ္စအပေါ်လူထုအမြင်မှာ ကွဲပြားလျက်ရှိပြီး အခင်းဖြစ်ဆေးခန်းသည် ကလေးဖျက်ချခြင်းနှင့် မိသားစုကျန်းမာရေးအစီအစဉ်များကို လက်ခံဆောင်ရွက် ပေးသော ဆေးခန်းဖြစ်သည်။
လေ့လာစုံစမ်းသူများက သံသယဖြစ်ဖွယ် လှုပ်ရှားမှုမှန်သမျှကို လေ့လာ မှုများပြုလုပ်နေကြောင်း သိရသည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment