Monday, November 2, 2015

ဆိုမာလီမြို့တော် မိုဂါဒစ်ရှူးရှိ ဟိုတယ်တစ်လုံး တိုက်ခိုက်ခံရ၊ လူ ၁၂ ဦးသေဆုံး



Myanmaalinn's photo.

မိုဂါဒစ်ရှူး နိုဝင်ဘာ ၁

ဆိုမာလီမြို့တော် မိုဂါဒစ်ရှူးရှိ ဟိုတယ်တစ်လုံး၏ အပြင်ဘက် တွင် အသေခံကားဗုံးခွဲတိုက်ခိုက်မှု ကြောင့် ၁၂ ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း ရဲများက ပြောခဲ့သည်။
ဆာဟာပီဟိုတယ်ထဲသို့ မဝင် ခင် မသမာသူများက ကားဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။ဗုံးခွဲတိုက်ခိုက်သူများနှင့် အာဖရိက ညီညွတ်ရေးအဖွဲ့နှင့် အစိုးရတပ်ဖွဲ့ များ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာ ဟိုတယ်ကို ပြန်လည်ထိန်းချုပ်နိုင် ခဲ့ကြောင်း ရဲများက ပြောဆိုသည်။
ယင်းဟိုတယ်မှာဆိုမာလီအမတ် များ တည်းခိုနေထိုင်သည့် ဟိုတယ် အဖြစ် လူသိများကြောင်း သိရသည်။
အဆိုပါ အသေခံဗုံးခွဲတိုက်ခိုက်မှု သည် အယ်လ်ရှာဘတ်တို့၏လက်ချက်ဖြစ်နိုင်ကြောင်း သုံးသပ် ထားကြသည်။
ဂျီဟတ်ဒ် တိုက်ခိုက်ရေးသမားများ နှင့် အာဖရိကညီညွတ်ရေး တပ်ဖွဲ့ များသည် အီသီယိုးပီးယားနှင့်နယ်စပ် ချင်းထိစပ်လျက်ရှိသော ဘာကူးဒေသ တွင် ပဋိပက္ခများဖြစ်ပွားပြီးတစ်ရက်ကြာပြီးနောက် အဆိုပါဟိုတယ်၌ တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
အာဖရိက ညီညွတ်ရေးတပ်များက အစိုးရတပ်ဖွဲ့များကို အယ်လ်ခိုင်ဒါနှင့် ဆက်သွယ်လျက်ရှိသော အယ်လ်ရှာ ဘတ်အုပ်စုများကို နှိမ်နင်းရာတွင် ကူညီပေးလျက်ရှိသည်။
ဆိုမာလီ၏ တည်ငြိမ်အေးချမ်း ရေးမှာ တိုးတက်မှုများရှိသော်လည်း အယ်လ်ရှာဘတ်တပ်ဖွဲ့များက မိုဂါ ဒစ်ရူးကို ပုံမှန်တိုက်ခိုက်လျက်ရှိ ကြောင်း သိရသည်။
၎င်းစစ်သွေးကြများမှာ အိမ်နီး ချင်းနိုင်ငံများကိုပါ တိုက်ခိုက်မှုပြုလုပ် ရန် ရည်ရွယ်ထားကြောင်း သိရသည်။

(ဆင်ဟွာ)

No comments:

Post a Comment