Saturday, November 28, 2015

ကုန်သည်လမ်းမပေါ်တွင် တန်ဖိုးသင့်ကွန်ဒိုတစ်လုံး ဆောက်လုပ်





The Mirror Daily's photo.


သတင်းနှင့် ဓာတ်ပုံ - (စိုးဝင်း-MLA)
ရန်ကုန် နိုဝင်ဘာ ၂၇

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနနှင့် Moon Sun ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်း၍ လမ်း(၅ဝ)နှင့် (၅၁)လမ်းကြားရှိ ကုန်သည်လမ်းမပေါ်တွင် တန်ဖိုးသင့်ကွန်ဒိုတစ်လုံး တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ခွင့်ပြုချက်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန Soil Test အထပ်မြင့်အဆောက်အအုံ (CQ+HP) ၏လမ်းညွှန်မှု တို့ဖြင့် ဘိုးပိုင်ဖြင့်ဆောက်လုပ်ထားသည့် အဆိုပါ Merchant Luxury ကွန်ဒို အဆောက်အအုံ၏ အလျားမှာ ၁၁၄ ပေရှိပြီး အနံမှာ ၁၁၂ ပေ ကျယ်ဝန်းကာ ကွန်ဒိုအဆောက်အအုံ၏ မြေဧရိယာအနေအထားအရ အလျားပေ ၄၁ဝ ရှိပြီး အနံမှာ ၁၃၂ ပေကျယ်ဝန်းကြောင်း သိရသည်။ Basement နှစ်ထပ် အပါအဝင်အထပ်ပေါင်း ၁၇ ထပ် ခွဲရှိမည်ဖြစ်ပြီး ပန့်ဟောက်စ် လေးလုံးပါဝင် မည်ဖြစ်သည်။

Merchant Luxury ကွန်ဒိုအဆောက်အအုံ၏ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်တို့တွင် ရုံးခန်းများအား စီမံထားရှိမည်ဖြစ်ပြီး စတုတ္ထထပ်တွင် ရေကူးကန်၊ ကော်ဖီဆိုင်၊ အားကစားလေ့ကျင့်ခန်း၊ Sauna ၊ Bar & Restaurant နှင့် ယာဉ် ၈၂ စီးရပ်နားရန် ကားပါကင်တို့အား ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်သည်။

ငါးလွှာမှ ၁၄ လွှာထိ လူနေအိမ်ခန်းများဖြစ်ကြသော Apartment Floor တွင် လူနေအိမ်ခန်းများအဖြစ် ၁၇၈၆ စတုရန်းပေ မှ ၂၆၇၆ စတုရန်းပေ ရှိမည်ဖြစ်ပြီး အခန်းကျဉ်း၊ အခန်းကျယ်မျိုးစုံပါဝင်မည်ဖြစ်သည်။ အဆိုပါ ကွန်ဒိုအတွင်း လူဦးရေ ၁၃ ဦး စီးနင်းလိုက်ပါနိုင်သော အဆင့်မြင့် ခေတ်မီ လုံခြုံရေးစနစ်များတပ်ဆင်ထားသည့် ခေတ်မီဓာတ်လှေကားသုံးစင်း ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ပြီး တိုက်ခန်းနေပြည်သူများအဆင်ပြေ စေရေးအတွက် အဆောက်အအုံ၌ ကိုယ်ပိုင်ထရန်စဖော်မာ၊ ကိုယ်ပိုင် မီးစက်၊ ၂၄ နာရီလုံခြုံရေးစနစ်၊ ဖျော်ဖြေရေးရုပ်သံလိုင်း၊ အင်တာနက် WIFI Free ၊ PABX System ၊ Fire Alarm နှင့် Fire Fighting System တို့ကို ကွန်ဒိုအတွင်းရှိ ပြည်သူများအတွက် ဆောင်ရွက်ပေးထားသေးသည်။ ရှုမျှော်ခင်းများအနေဖြင့်လည်း လမ်း (၅ဝ) ဘက်ခြမ်း၌ ဆူးလေဘုရား၊ ဝန်ကြီးများရုံးနှင့် ရန်ကုန်မြစ်တို့၏အလှတို့ကို ရှုမျှော်မြင်တွေ့နိုင်မည် ဖြစ်ပြီး ကုန်သည်လမ်းဘက်ခြမ်း၌မူ ရန်ကုန်မြစ်အလှ၊ ဗိုလ်တထောင်ဆိပ်ကမ်းနှင့် ဗိုလ်တထောင်ဘုရားတို့ အားစိတ်ကြည်နူးဖွယ်ရာခံစားကြည့် ရှုနိုင်ကြမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသော Moon Sun ကုမ္ပဏီ လီမိတက်မှတာဝန်ရှိသူက '' အဆောက် အအုံဆောက်လုပ်ခြင်းရည်ရွယ်ချက်ကတော့ မြို့ ပြအိမ်ရာဖွံ့ ဖြိုးမှု အတွက် တစ်ထောင့်တစ်နေရာကနေ အထောက်အကူဖြစ်အောင်ဆောင် ရွက်လိုက်တာပါ။ ခေတ်မီအဆင့်မြင့် အဆောက်အအုံတွေမရှိတဲ့ နေရာတွေမှာ ဒီလိုခေတ်မီတဲ့ အဆောက်အအုံများ အစားထိုးနေရာယူလာအောင် ဆောင်ရွက်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ အကယ်၍ ဒီအဆောက်အအုံပြီးစီးသွားပြီဆိုရင်နိုင်ငံတကာက ကွန်ဒိုအဆောက်အအုံများရဲ့ အရည်အသွေးအတိုင်း စံချိန်စံညွှန်းများနဲ့ နှိုင်းယှဉ်ပြီးဆောက် နေတာဆိုတော့ အထပ်မြင့်ကွန်ဒို တစ်လုံးတိုးလာမယ့် သဘောပါပဲ။ ဒီအဆောက်အအုံ ဆောက်နေတာကလည်း အဓိက အာဆီယံစံချိန်စံညွှန်း နှင့်အညီအချိန်ယူပြီးစနစ်တကျခိုင်ခံ့အောင် ဆောက်လုပ်ဆောင်ရွက်နေ တာဆိုတော့ အခန်းနေထိုင်သူတွေ အတွက်လည်းအကျိုးရှိပါလိမ့်မယ်''ဟု ရှင်းပြသည်။

အဆိုပါ တန်ဖိုးသင့် Merchant Luxury ကွန်ဒို အဆောက်အအုံမှ အခန်းများအား သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချပေးသွား မည်ဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Moon Sun ကုမ္ပဏီလီမိတက်တို့မှ အကျိုးတူ ပူးပေါင်းဆောက်လုပ်လျက်ရှိသော Merchant Luxury Condominium အား ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်ဒီဇင်ဘာ လမှစတင်၍မြေပြင်၊ မြေညှိလုပ်ငန်းများ စတင်လုပ်ဆောင်ခြင်းဖြင့်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကာလ ဆောင်ရွက်ပြီးစီးရေးအတွက် သုံးနှစ်တာ ကာလအတွင်း ရေ၊ မီး ပြည့်စုံသော အဆင့်မြင့်ခေတ်မီ အထပ်မြင့် ကွန်ဒိုမီနီယံစီမံကိန်းကြီးဖြစ်ပေါ်ပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။

No comments:

Post a Comment