Sunday, November 29, 2015

မြင်းလှည်းများဖြင့် ပနံရနေသည့် အင်းဝရှေးဟောင်းမြို့တော်



The Mirror Daily's photo.


မန္တလေး နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံတွင် နိုင်ငံတကာခရီးသွားဧည့်သည်များ အများဆုံးဝင်ရောက်သည့်လများမှာ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာဆိုသည့် ဘာလေးဘာ ဟု အတိုကောက်မှတ်ထားလေ့ရှိသည်။ လက်ရှိကာလတွင် ခရီးသွားဧည့်သည်အဝင်များပြီး မန္တလေးမြို့နှင့်အနီးတစ် ဝိုက်လေ့လာစရာသမိုင်းဝင်နေရာများဖြစ်သော မန္တလေး၊ အမရပူရ၊ အင်းဝ၊ မင်းကွန်းဒေသနှင့် စစ်ကိုင်းမြို့များတွင် ခရီးသွားဧည့်သည်အဝင်များနေကြောင်း သိရသည်။

အင်းဝဒေသတွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နိုင်ရန် အိုးတုတ္တန်းတွင် မြင်းလှည်းများထိုးထားကြသည်။ မြင်းလှည်းများ ခရီးသွား ဧည့်သည်ပို့ဆောင်ရာတွင် တစ်စီးလျှင် ဧည့်သည် နှစ်ယောက်နှုန်းတင်ဆောင်ပြီး ဧည့်လမ်းညွှန်ပါပါက ၎င်းကိုအခမဲ့တင်ဆောင်ပေးကြရသည်။ ဧည့်သည်တစ်ဦးလျှင် မြင်းလှည်းခ ငွေကျပ် ငါးထောင်နှုန်းဖြင့် နှစ်ယောက်ကျပ် တစ်သောင်းယူကြောင်း သိရသည်။

မြင်းလှည်းဆရာများအခေါ်အဝေါ် ဆိုက်စည်းအရ ဧည့်သည်များကို နေရာလေးနေရာ ပို့ပေးရသည်။ လက်ရှိကာလ ဒေသအခေါ်ခရုပတ်တွင်ပင် မြင်းလှည်း ၁၆ဝခန့် ဂိတ်ထိုးထားသည်။ ခရီးသွားဧည့်သည်အဝင်များသည့် နိုဝင်ဘာလတွင်ပင် မြင်းလှည်းများမှာ တစ်နေ့လျှင် တစ်ခေါက်ခန့်သာ ရရှိသည်။ အချို့ရက်များတွင်မှသာ နှစ်ခေါက်ရသည်။

မြင်းလှည်းဆရာများအနေဖြင့် မြင်းစာများ ဈေးနှုန်း ကြီးမြင့်လာခြင်းကြောင့် မြင်းစာအတွက် တစ်နေ့လျှင် အနည်းဆုံးကျပ်သုံးထောင်မှငါးထောင်အထိကုန်ကျပြီး ၎င်းတို့၏နေ့တွက်ခမှာ ကျပ်ငါးထောင်ကျော် ခြောက် ထောင်မျှသာရရှိကြသည်။ နှစ်ခေါက်ပြေးဆွဲရလျှင် ကျပ်တစ်သောင်းကျော်ရရှိသည်။

အင်းဝဒေသသည် ရှေးဟောင်းမြို့တော်ဖြစ်သည် နှင့်အညီ မြင်းလှည်းနှင့်လည်ပတ်မှသာ ပနံရကာ သဘာဝ ကျလှသည်ဟု ဆိုကြသည်။ အင်းဝဒေသအလှသည် သမိုင်းဝင်နေရာများနှင့်အတူ မြင်းလှည်းစီးကာ လေ့လာသည့် သဘာဝဓလေ့မှာ ချစ်စဖွယ်ပင်ဖြစ်နေကြောင်း သိရသည်။
(တိမ်တမန်)

No comments:

Post a Comment