Tuesday, November 3, 2015

ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်



The Mirror Daily's photo.


နေပြည်တော် နိုဝင်ဘာ ၂

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ နာယက၊ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်များသည် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာ ၃၁ ရက်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သဲကြီး ကုန်းကျေးရွာအုပ်စု ရှားတောကျေးရွာတွင် ရွေ့လျား ကျန်းမာရေးဆေးခန်းကို ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်သဇင်နွယ်က အမှာစကားပြောကြားပြီး ဒေါက်တာခိုင်နွယ်ဟန်က ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းကို အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် အဘိုးအဘွားများအတွက် အားဆေးနှင့် အာဟာရများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ အတွက် တစ်ခါသုံးမွေးအိတ်၊ အိုင်အိုဒင်းဆားနှင့် ဆပ်ပြာများကိုလည်းကောင်း၊ ကျေးရွာစာကြည့်တိုက်အတွက် မေတ္တာစမ်းရေမဂ္ဂဇင်းများကိုလည်းကောင်း လှူဒါန်းခဲ့သည်။

ဆက်လက်၍ မေတ္တာစမ်းရေဆေးခန်းတာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာစမ်းစမ်းလှိုင်နှင့်အဖွဲ့က ရွေ့လျားကျန်းမာရေးဆေးခန်းဖွင့်လှစ်ရခြင်းနှင့် ကိုယ်ဝန်ဆောင်စနစ်တကျစောင့်ရှောက်မှုခံယူရန် အရေးပါမှု၊ ကျွမ်းကျင်သူများဖြင့် မွေးဖွားရန်အကြောင်းကို လည်းကောင်း ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး အသင်းဥက္ကဋ္ဌ နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျန်းမာပညာဌာန)မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာအတွင်းရှိ လူငယ်များကို ပျိုရွယ်သူကျန်းမာရေးအသိပညာပေး ဆွေးနွေးခြင်းများနှင့် လူကုန်ကူးခြင်းဆိုင်ရာ သိကောင်းစရာများကို ဟောပြောသည်။ ကိုယ်ဝန်ဆောင် ၁၇ ဦး၊ သက်ကြီးဘိုးဘွား ၇၈ ဦး၊ မျက်စိလူနာ ၅၄ ဦး၊ သွားနှင့် ခံတွင်းလူနာ ၁၇ ဦးနှင့် အထွေထွေလူနာ ၁ဝ၃ ဦးတို့ကို ကြည့်ရှုစစ်ဆေးကုသပေးခဲ့ပြီး ညွှန်းပို့ရန်လိုအပ်သော လူနာများကို နီးစပ်ရာ ကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်းနှင့် ချို့တဲ့လူနာများကို ထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment