Tuesday, November 3, 2015

နေအိမ်အတွင်းမှာ လူမှုကွန်ရက်မီဒီယာအသုံးပြုခြင်းကို တားမြစ်ထားတဲ့ ကိတ်ဝင်းစလက်ထ်




ဟောလိဝုဒ်၏ကြယ်ပွင့်တစ်ပွင့်ဖြစ်သော ''Titanic''မင်းသမီးချော ကိတ်ဝင်းစလတ်သည် သူ၏နေအိမ်အတွင်း ကလေးများကို လူမှုကွန်ရက်မီဒီယာသုံးစွဲခြင်းကို တားမြစ်ထားကြောင်း စကိုင်းနယူးစ်ဒေါ့ကွန်းက ဖော်ပြခဲ့သည်။
ယင်းမီဒီယာများသုံးစွဲခြင်းသည် ကလေးများအပေါ်ဖိအားများသက်ရောက်စေသည့်အတွက် ယခုကဲ့သို့ တားမြစ်ရခြင်းဖြစ်ကြောင်း မင်းသမီးက ဆိုခဲ့သည်။
ဆက်လက်ပြီး မင်းသမီးက ''ကလေးတွေ ဒီလူမှုကွန်ရက်မီဒီယာတွေကို သုံးစွဲလာခြင်းရဲ့အကျိုးဆက်အနေ နဲ့ ပထမဆုံးဖြစ်လာတဲ့အရာကတော့ သူတို့တွေ ထမင်းစားချိန်မမှန်တော့တာပါပဲ။ အဲ့ဒီလို သူတို့တွေအစားအစာ ကို ပုံမှန်မစားရင်ကျွန်မစိတ်မကောင်းဖြစ်ရတယ်။ ဒေါသဖြစ်ရတယ်။ ဒါ့ကြောင့်အိမ်မှာ ကလေးတွေကို မသုံးဖို့ တားမြစ်ထားရတာ''ဟု ပြောကြားခဲ့သည်။
အင်္ဂလန်နိုင်ငံ၌ စက်တင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သော လေ့လာချက်တစ်ရပ်၏စစ်တမ်းများအရ ဆယ်ကျော်သက်များအနေဖြင့် လူမှုကွန်ရက်မီဒီယာများကို အသုံးပြုခြင်းကြောင့် ရရှိလာသည့် ဖိအားများသည် စိတ်ကျရောဂါ၊ စိတ်ပူပန်မှု၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုလျော့နည်းလာခြင်းနှင့် အအိပ်အနေနည်းပါးလာခြင်းများ ကို ဖြစ်စေကြောင်း တွေ့ရှိခဲ့ရသည်ကို ဖတ်ရှုခဲ့ရပြီးနောက် မင်းသမီးက သူ၏ရင်သွေးလေးသုံးဦးအား ယခု ကဲ့သို့ တားမြစ်ခဲ့ခြင်းဖြစ်သည်။
အေးပြည့်ရေးသားသည်။

No comments:

Post a Comment