Monday, November 30, 2015

အရှိန်မထိန်းနိုင်သည့်ယာဉ် လမ်းဘေးထိုးကျကာကလေးငယ်တစ်ဦးကို ဝင်တိုက်မိ



ဖျာပုံ နိုဝင်ဘာ ၂၉


ဖျာပုံမြို့နယ် ဖျာပုံ-ဘိုကလေးသွားကားလမ်းတွင် အရှိန်မထိန်းနိုင်သည့် ယာဉ် ဝင်တိုက်မိ၍ ကလေးငယ်တစ်ဦးသေဆုံးသွားသည့်ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မေတ္တာ(၂)လမ်းနေ နေလင်းအောင်(၂ဝ)နှစ် မောင်းနှင်လာသော 2I/-----Hilux Double Cub ယာဉ်သည် ဖျာပုံ-ဘိုကလေးသွားကားလမ်း မိုင်တိုင်အမှတ်(၁/၁)နှင့် (၁/၂)ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျသွားစဉ် ကားလမ်း ဘေးတွင် လမ်းလျှောက်နေသူ မောင်သီဟ(ခ)မောင်သန်းထွဋ်အောင် (၆)နှစ် အား ဝင်တိုက်မိခဲ့ပြီး လမ်းဘေးတွင် စိုက်ထူထားသော မိုင်တိုင်အမှတ်အသား ကျောက်တိုင်အား ဆက်လက်တိုက်မိကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရ သည်။


ထိုသို့တိုက်မိမှုကြောင့် မောင်သီဟ(ခ)မောင်သန်းထွဋ်အောင်မှာ ဒဏ်ရာ များရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ယာဉ်မောင်းနေလင်းအောင် အား ဖျာပုံမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်ထားကြောင်း သိရသည်။


ကျော်စိုးမိုး(ဖျာပုံ)

No comments:

Post a Comment