Monday, November 30, 2015

တူရကီအား စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ရန် သမ္မတပူတင် အမိန့်ဒီကရီလက်မှတ်ရေးထိုး



Myanmaalinn's photo.
 မော်စကို နိုဝင်ဘာ ၂၉

တူရကီက ရုရှားစစ်လေယာဉ်တစ်စင်းကို ပစ်ချလိုက်ပြီး လေးရက်အကြာ ကရင်မလင်က အန်ကာရာကို အမျက်ဒေါသထွက်မှုပြင်းထန်လာချိန် နိုဝင်ဘာ ၂၈ ရက်က တူရကီကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့သည့် အမိန့် ဒီကရီတစ်ရပ်ကို သမ္မတဗလာဒီမာပူတင်က လက်မှတ်ရေးထိုးလိုက်သည်။ ချက်ချင်းအကျိုးသက်ရောက်မည့် အဆိုပါအမိန့် ဒီကရီအရ တူရကီသို့ ရုရှားမှစင်းလုံးငှားခရီးသည်တင် လေယာဉ်များပျံသန်းမှုကို ပိတ်ပင်လိုက်သည့်အပြင် တူရကီသွင်းကုန်များအပေါ် ကန့်သတ်လိုက်သည်။ တူရကီစီးပွားရေးလုပ်ငန်းများနှင့် တူရကီနိုင်ငံသားများအား စီးပွားရေးနယ်ပယ်များတွင် တင်းကျပ်ပိတ်ဆို့မှုများပါ ပြုလုပ်သွားမည်ဟုဆိုသည်။
''ဒီလိုအခြေအနေဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ပါဘူး။ ရုရှားနိုင်ငံက စီးပွားရေးအရ ပြန်လည်တုံ့ပြန်လိုက်တာပါ''ဟု ပူတင်၏ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပတ်စကောဗ်က အဆိုပါအမိန့်ဒီကရီမထုတ်ပြန်မီ နာရီပိုင်းအလိုတွင် ပြော သည်။အဆိုပါအရေးယူပိတ်ဆို့မှုသည် မော်စကိုနှင့်အန်ကာရာတို့အကြား ရှေ့မတိုးနောက်မဆုတ်သာ ဆက်ဆံရေးကို ပို၍ဆိုးရွားစေမည်သာ ဖြစ်ကြောင်း တူရကီထိပ်တန်းတာဝန်ရှိသူတစ်ဦးကရိုက်တာသို့ပြောသည်။ တူရကီသမ္မတ တေရစ်အာဒိုဂန်အနေဖြင့် နိုဝင်ဘာ ၂၄ ရက်က ဆီးရီးယားနယ်စပ်အနီး ရုရှားစစ်လေယာဉ်ကို ပစ်ချခဲ့ခြင်းအပေါ် တောင်းပန်ခြင်းမရှိခဲ့သည့်အတွက် ယင်းကဲ့သို့ အရေးယူပိတ်ဆို့ရန်လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သမ္မတပူတင်၏ပြောခွင့်ရ ပုဂ္ဂိုလ်ကပြောသည်။ တူရကီကလည်း ၄င်း၏ဝေဟင်ပိုင်နက်ကို ကာကွယ်ခြင်းဖြစ်၍ တောင်းပန်ခြင်း မပြုလုပ်နိုင်ဟုဆိုသည်။

(ရိုက်တာ)

No comments:

Post a Comment