Monday, November 30, 2015

ကမ္ဘာလှည့်ခရီးသွားများ သီပေါမြို့သို့ လာရောက်လေ့လာမှုအထူးများပြား




The Mirror Daily's photo.


သီပေါ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့သည် မန္တလေး၊ လားရှိုး၊ မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးပေါ်၌ တည်ရှိပြီး လှပထင်ရှားသော ရှေးဟောင်းမြို့တစ်မြို့ဖြစ် သည်နှင့်အညီ ရာသီဥတုမှာလည်း အေးချမ်းသာယာသည်နှင့်အမျှ နေ့စဉ်နိုင်ငံခြားသားခရီးသွားများ အဝင်၊ အထွက်များသောဒေသဖြစ်သည်။

နိုင်ငံခြားခရီးသွားဧည့်သည်များသည် သီပေါမြို့နယ် အတွင်းရှိ ကျေးလက်ဒေသအသီးသီးသို့ အုပ်စုလိုက်သွားရောက်လေ့လာကြပြီး သဘာဝအရင်းအမြစ်များနှင့် ဆောက်လုပ်နေထိုင်ကြသည့် တိုင်းရင်းသားရိုးရာ နေအိမ်များ၊ ရေတံခွန်များ၊ ရေထွက်စမ်းများသို့ စိတ်ဝင်တစား လာရောက်လေ့လာကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့သည် မြို့ကို အကွင်းအကွက်ကျစွာ တည်ဆောက်ထားသည့်အပြင် လှပသော တောင်တန်းများ ဝန်းရံထားခြင်း၊ ဒုဋ္ဌဝတီမြစ်ကြီး ရစ်ခွေစီးဆင်းနေခြင်းတို့ကြောင့် သဘာဝပန်းချီကားချပ် ကြီးတစ်ခုပမာ လှပနေသည်။ ဒုဋ္ဌဝတီမြစ်ရိုးအတိုင်း မြစ်ဆုံဒေသအထိ ရေယာဉ်များ စီးနင်းကာ စိမ်းစိုလှပသည့် သဘာဝတောတောင်အလှအပများကို ကြည့်ရှုခံစားရင်း ရှမ်းယဉ်ကျေးမှုအက အလှသဘာဝများနှင့် ရိုးရာ အစားအစာများကို နှစ်ခြိုက်စွာ စားသုံးကြကြောင်း သိရသည်။

ဒေသခံတိုင်းရင်းသားများမှာလည်း ရိုးသားဖြူစင် ကူညီရိုင်းပင်းစောင့်ရှောက်တတ်သော စေတနာ၊ မေတ္တာ အလှတရားများကြောင့် နိုင်ငံခြားခရီးသွားဧည့်သည်များ ယခင်ကထက် ပိုမိုလာရောက်လည်ပတ်ကြခြင်းဖြစ်ကြောင်း သိရသည်။
စိုင်း(သီပေါ)

No comments:

Post a Comment