Saturday, November 28, 2015

အိမ်ထောင်သက်ခြောက်လမှာ လမ်းခွဲခဲ့ကြတဲ့ဂျက်စီကာပါရီဒိုနဲ့ မိုက်ကယ်ရှိုးဟက်




Shahs of Sunset ဇာတ်ကားရဲ့ ကြယ်ပွင့် ဂျက်စီကာပါရီဒိုနဲ့ မိုက်ကယ် ရှိုးဟက်တို့ဟာ အိမ်ထောင်သက်ခြောက်လအကြာမှာပဲ ကွာရှင်းပြတ်စဲခဲ့ပြီဖြစ်ကြောင်း တီအမ်ဇက်ဒေါ့ကွန်းက ဖော်ပြသည်။ ဂျက်စီကာဘက်မှ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ဝ ရက်ကပင် ကွာရှင်းစာချုပ်ကို စတင်လက်မှတ်ရေးထိုးခဲ့ပြီးနောက် နှစ်ဦးစလုံး လမ်းခွဲ ကြောင်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြခြင်းဖြစ်သည်။


သူတို့နှစ်ဦးသည် ပြီးခဲ့သည့် သြဂုတ် ၁ ရက်ကပင် တစ်ဦးနှင့်တစ်ဦး ခွဲနေ ခဲ့ကြပြီး သုံးလလောက်သာ ပေါင်းဖက်ခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ဦးတွင် သားသမီး မထွန်းကားသော်လည်း ဂျက်စီကာက သူ့အတွက် အိမ်ထောင်ဖက်စရိတ်ထောက်ပံ့ ပေးရန် တရားရုံးတွင် တောင်းဆိုခဲ့သည်။



(မေလဲ့သင်း-ရေးသားသည်)

No comments:

Post a Comment