Monday, November 30, 2015

လက်စတာ တိုက်စစ်မှူး ဗာဒီ ၁၁ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်သည့် စံချိန်တင်




ပရီမီယာလိဂ်ကလပ် လက်စတာစီးတီးအသင်းမှ တိုက်စစ်မှူး ဗာဒီသည် မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်(၁၄) မန်ယူအသင်းနှင့် တစ်ဖက်တစ်ဂိုးစီသရေကျခဲ့သည့် ပွဲစဉ်တွင် လက်စတာစီးတီးအသင်း အတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ပရီမီယာလိဂ် ၁၁ ပွဲဆက်တိုက်ဂိုးသွင်းနိုင်သည့် စံချိန်သစ်တစ်ခုတင်နိုင်ခဲ့ ပြီဖြစ်သည်။


ထို့ကြောင့် လက်စတာတိုက်စစ်မှူး ဗာဒီသည် ၂ဝဝ၃ ခုနှစ်အတွင်းက မန်ယူအသင်းနှင့်အတူ စံချိန်တင်ခဲ့သည့် မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်း၏ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ တိုက်စစ်မှူး ဗာဒီသည် လက်စတာစီးတီးအသင်းအတွက် ပွဲကစားချိန် ၂၄ မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး မန်ယူတိုက်စစ်မှူး ရှဝိန်းစတိုင်ဂါ က ပွဲကစားချိန် ၄၅ မိနစ်တွင် မန်ယူအသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ခြင်းကြောင့် ပထမပိုင်းရလဒ် တစ်ဖက် တစ်ဂိုးစီဖြင့်ပင် ပြိုင်ပွဲ၏ရလဒ်အဆုံးသတ်ခဲ့သည်။


တိုက်စစ်မှူး ဗာဒီသည် ပရီမီယာလိဂ်တစ်ရာသီအတွင်း လက်စတာစီးတီးအသင်းအတွက် ဂိုးသွင်းအများဆုံး တိုက်စစ်မှူးအဖြစ် စံချိန်တင်ခဲ့ပြီး ၁၉၉၉-၂ဝဝဝ ခုနှစ်အတွင်းက လက်စတာစီးတီးအသင်းနှင့်အတူ ပရီမီယာလိဂ် သွင်းဂိုး ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့သည့် ကော့တီကိုလည်း ကျော်ဖြတ်သွားနိုင်ခဲ့ပြီဖြစ်သည်။



လက်ရှိတွင် တိုက်စစ်မှူး ဗာဒီသည် မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်း၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး နောက် ၁၉၃ဝ ခုနှစ်က ရှက်ဖီးယူနိုက်တက်အသင်းနှင့်အတူ ၁၂ ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့သည့် ဂျင်မီဒွန်နီး၏ စံချိန်ကို ကျော်ဖြတ်နိုင်ရန်အတွက် လာမည့်ပွဲစဉ်တွင် ဂိုးသွင်းနိုင်ရန် မျှော်လင့်ထားကြောင်းသိရသည်။


(ငွေကြယ်)

No comments:

Post a Comment