Monday, November 30, 2015

မီးဘေးအန္တရာယ်ကင်းဝေးစေရေး သရုပ်ပြလေ့ကျင့်



Myanmaalinn's photo.
မြိတ် နိုဝင်ဘာ ၂၉ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မီးသတ်ဦးစီး ဌာနမှကြီးမှူး၍ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေး စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ် သရုပ်ပြလေ့ကျင့်ခြင်းကို နိုဝင်ဘာ ၂၉ ရက် နံနက် ၈နာရီ က မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် စည်ပင်သာယာရေးအဖွဲ့ ပိုင် ဆိပ်ငယ်ဈေး၌် ဆောင်ရွက်ခဲ့ကြသည်။
မီးငြှိမ်းသတ်သရုပ်ပြလေ့ကျင့်ရာတွင် ဆီမီးလောင် မှုကို FORM မီးသတ်ဆေးဘူး၊ Dry Chemical Powder မီးသတ်ဆေးဘူး၊ Water Mist Gun ကိရိယာ တို့ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မြိတ်မြို့ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင် ၃၅ ဦးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် ၁၇ ဦး
တို့ဖြင့် ဈေးအတွင်း ရှာဖွေကယ်ဆယ် ရေးဆောင်ရွက်ခြင်း၊ ရှေးဦးပြုစု ခြင်းနှင့် အပြင်းအထန်ဒဏ်ရာရ လူနာအား လူနာတင်ယာဉ်ဖြင့် ဆေးရုံပို့ခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။
ထို့နောက် ဈေးအရှေ့ဘက် ဗိုလ်ချုပ်လမ်းနှင့် တောင်ဘက် နာရီစင်လမ်းတို့တွင် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးစီးလျက် မီးငြှိမ်းသတ်ယာဉ် ၁၅ စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ လူနာတင် ယာဉ်တစ်စီးတို့ဖြင့် သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၁၁၅ ဦး၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးတို့ဖြင့် မီးငြှိမ်းသတ် သရုပ်ပြလေ့ကျင့်ကြရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင် ကျော်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဈေးတာဝန် ခံရုံးခန်းတွင် တာဝန်ရှိသူများက မီးငြှိမ်းသတ် လေ့ကျင့်မှုတွင် အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးခဲ့ကြသည်။
အလားတူ အကျဉ်းဦးစီးဌာန မြိတ်အကျဉ်းထောင် တွင်လည်း မီးဘေးကြိုတင် ကာကွယ်ရေး လက်တွေ့သရုပ်ပြ ဆောင်ရွက်မှုကို အကျဉ်းထောင် ဝန်ထမ်းများနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးသတ်ဆေးဘူးများ၊ မီးငြှိမ်းသတ် ရေယာဉ်နှစ်စီးဖြင့် မီးငြှိမ်းသတ် သရုပ် ပြလေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)

No comments:

Post a Comment