Sunday, November 1, 2015

ရေကြီးမှုကြောင့် ပျက်စီးသွားသော နန့်ခင့်-အင်းတော်ချောင်းကူးတံတား ပြန်လည်တည်ဆောက်ပြီးစီး



The Mirror Daily's photo.
အင်းတော် အောက်တိုဘာ ၃၁

ရေကြီးမှုကြောင့် ပျက်စီးသွားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နန့်ခင့်ကျေးရွာနှင့် အင်းတော်မြို့ဆက်သွယ်သည့် နန့်ခင့်-အင်းတော်ချောင်းကူး တံတားကို အသစ်ပြန်လည်တည် ဆောက်ခဲ့ရာ အောက်တိုဘာ၂၁ ရက် က တည်ဆောက်ပြီးစီးခဲ့သဖြင့် ဒေသ ခံများဆက်သွယ်သွားလာရေးအဆင် ပြေလျက်ရှိကြောင်း သိရသည်။

ယင်းတံတားကို သစ်တားတိုင် ၃၄ တိုင်နှင့် သစ်သားရက်မ၊ သစ်သား ကြမ်းခင်းများဖြင့် တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး တံတားအရှည်မှာ ၁၈၇ ပေ၊ အကျယ် ၉ ပေ၊ အမြင့် ၁၂ ပေရှိ ပြီး ငွေကျပ် ၇၅ သိန်းအကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တံတားအသစ် ပြန်လည်တည် ဆောက်ပြီးစီးသွား၍ နန့်ခင့်ကျေးရွာ ရှိ အိမ်ခြေ ၁၅ဝ၊ အိမ်ထောင်စု ၁၅ဝ မှ လူဦးရေ ၇၇၈ ဦးတို့၏ ဆက်သွယ်သွားလာရေး အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ကြပြီးဖြစ်ကြောင်း သိရသည်။ ကိုမင်း(အင်းတော်)

No comments:

Post a Comment