Wednesday, October 28, 2015

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် Community Clinic လုပ်ငန်းများဆောင် ရွက်ပေး



The Mirror Daily's photo.
နေပြည်တော် အောက်တိုဘာ ၂၇
ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေး ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများနှင့် Community Clinicလုပ်ငန်းဆောင်ရွက်ပေးခြင်းများကို ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးလက် ကျန်း မာရေးဌာနမှ လက်ထောက်ကျန်းမာရေး မှူး ဒေါ်ချယ်ရီလှိုင် ခေါင်းဆောင်သော အဖွဲ့သည် အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီတွင် အောင်ဇမ္ဗူနယ်မြေ(၁၁) အောင်ချမ်းသာကျေးရွာအနောက်ဘက်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အသက်ငါးနှစ်အောက်ကလေး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကိုယ်ဝန် ဆောင်မိခင်နှင့် မွေးဖွားပြီးမိခင်များ၊ သက်ကြီးရွယ်အိုများအား အထွေထွေကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို လက်ထောက် ကျန်းမာရေးမှူးတစ်ဦး၊ သားဖွားဆရာမသုံးဦး၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂)နှစ်ဦးတို့က ကွင်းဆင်း ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment