Wednesday, October 28, 2015

မြန်မာယူ-၂၁ အသင်းနှင့် ရန်ကုန်အသင်းခြေစမ်း



The Mirror Daily's photo.


သတင်းနှင့်ဓာတ်ပုံ
ရှိုင်းထက်ဇော်

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာယူ-၂၁ အသင်း၏ ပထမဆုံးခြေစမ်းပွဲအဖြစ် ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ရန်ကုန်အသင်းနှင့် ခြေစမ်းကစားခဲ့သည်။

ရန်ကုန်ယူနိုက်တက် - နှစ်ဂိုး
မြန်မာ ယူ-၂၁ - တစ်ဂိုး

စခန်းဝင်လေ့ကျင့်ရက် တစ်ရက် သာရှိသေးသည့် မြန်မာ ယူ-၂၁ အသင်း၏ ပထမဆုံးခြေစမ်းပွဲဖြစ်ပြီး ရန်ကုန်အသင်းကို အရှုံးပေးခဲ့ရသည်။ ၂ဝ၁၅ ရာသီ MNL ချန်ပီယံ ရန်ကုန် အသင်းမှာ အမာခံကစားသမားများ ပါဝင်ခြင်းမရှိဘဲ လူငယ်ကစားသမားများကို ပွဲထုတ်ခဲ့သည်။ ယူ-၂၁ အသင်းမှာ ရလဒ်ပိုင်းထက် ကစားသမားများ၏ ခြေစွမ်းပိုင်းကို အဓိကထားစမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

ယူ-၂၁ အသင်းမှာ ဘုန်းသစ္စာမင်း(ဂိုး)၊ နန်းဝေမင်း၊ သိန်းဇော်၊ ရဲရင့်အောင်၊ မျိုးကိုထွန်း၊ ရန်နိုင်ဦး၊ သန်းပိုင်၊ အောင်ဇင်ဖြိုး စသည့် ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး သီဟထက်အောင်၊ မောင်မောင်လွင်၊ ကျော်ဇေယျ စသည့် ကစားသမားများကို လူစားလဲခဲ့သည်။ ယခုပွဲကို မိနစ် ၃ဝ သုံးပိုင်းခွဲကာ ယှဉ်ပြိုင် ကစားခဲ့ပြီး ပထမပိုင်းတွင် ဂိုးမရှိ သရေကျနေသည်။ ဒုတိယပိုင်းတွင် မြန်မာ ယူ-၂၁ အသင်း တိုက်စစ်ကစားပုံ ပိုကောင်းလာပြီး ၄၇ မိနစ်တွင် ကျော်ဇေယျက ပြစ်ဒဏ်ဘောမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ တတိယပိုင်းတွင် ရန်ကုန်အသင်း ကစားပုံပိုကောင်းလာပြီး ယူ-၂၁ အသင်းဘက်သို့ ဖိအားပေးလာနိုင်သည်။ ၇၄ မိနစ်တွင် သီဟဇော်၏အဝေးကန်ချက်ဖြင့် ရန်ကုန်အသင်း ချေပဂိုး ပြန်ရခဲ့ပြီး အနိုင်ဂိုးကို ၈၂ မိနစ်တွင် အောင်ကျော်ထွေးက သွင်းယူခဲ့သည်။ မြန်မာ ယူ-၂၁ အသင်းကို ပဏာမ ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သော်လည်း ကစားသမားအချို့ အပြောင်းအလဲပြုလုပ်ထားသည်။

No comments:

Post a Comment