Friday, October 2, 2015

အင်းတော်မြို့ ဗုဒ္ဓပူဇနိယ မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်




အင်းတော် အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ မြို့မပရိယတ္တိစာသင်တိုက် ဆုတောင်းပြည့်လောက မာရဇိန် စေတီတော်ကြီးတွင် ၁၃၇၇ ခုနှစ် သီတင်း ကျွတ် မီးထွန်းပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးထွန်းပွဲတော် တတိယအကြိမ်မြောက်Performance ပါဝင် သော အဆိုပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပြီး ပါဝင်သီဆိုလိုသူများသည် ဦးအောင် မြင့်နိုင် (အောင်ဆိုင်ကယ်ဝပ်ရှော့) ရဲစခန်းတိုက်တန်း၌ သီတင်းကျွတ်လဆန်း ၁၂ ရက် နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
''အဆိုပြိုင်ပွဲမှာ လူဦးရေ ကန့်သတ်ထားပါတယ်။ ပြိုင်ပွဲကို သီတင်းကျွတ် လဆန်း ၁၄ ရက်၊ ၁၅ ရက်နဲ့ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့ညတွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ၁၄ရက်နေ့နဲ့၁၅ရက်နေ့တွေမှာပဏာမ ရွေးချယ်ခံ ထားရသူများကို သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့ညမှာ ဗိုလ်လုပွဲယှဉ်ပြိုင် စေပြီး ပထမဆု၊ ဒုတိယ ဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ခုနစ်ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ ပါဝင်သီဆိုလိုသူများကို ပြိုင်ပွဲစည်းကမ်းချက်များနှင့်အညီ သီဆို ခွင့်ပြုမှာ ဖြစ်ပါတယ်''ဟု ဦးအောင်မြင့်နိုင်က ပြောသည်။ ကိုမင်း(အင်းတော်)

No comments:

Post a Comment